အပိုင်း(၂)

Start from the beginning
                                    

လူကိုများ သူထင်သလို ပြောနေတယ်.... မသိရင် ကိုယ်ကပဲ သူပြောတဲ့လူတွေထဲ ပါသွားရသလိုလို... ဇာတ်လမ်းဆင်တယ်တဲ့လား၊ သူကသာ လူကို မကောင်းတဲ့ကောင်အဖြစ် ဇာတ်သွင်းလိုက်တာတော့ မေ့နေဟန်တူပါရဲ့...

သူ့အားပြောဆိုနေသည့် ကောင်မလေးအား မျက်နှာမမြင်ရသော်လည်း အံကြိတ်ကာ ဇွန်းအား ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။

"သူက အဲ့ဒီလို မဟုတ်လောက်ပါဘူး.... တကယ်မသိလို့ အကူညီတောင်းတာနေမှာပါ..."

နှောင်းက ကာကွယ်ပြီး ပြောလိုက်တော့ ကျူး မျက်နှာလေးရှုံ့ကာ....

"ကြည့်ပါလား..... ငါတို့‌ရဲ့ နှောင်းကို ဘာတွေနဲ့ ပြုစားသွားမှန်း မသိဘူး.... ဒီလူက အကူအညီ တောင်းတာတောင် ကဗျာဆန်ဆန်တွေ တော်ကီတွေများ သုံးသွားတယ်ထင်တယ်...."

ဘုရား...ဘုရား မေဂျာအခန်းလေးတစ်ခွန်း မေးမိတာ တော်ကီတွေ သုံးသွားသည်တဲ့... လူကို ဘယ်လောက်တောင် အပြစ်ပြောတတ်တဲ့ ကောင်မလေးပါလိမ့်....

ကျူးစကားများအား စွမ်းကြားရမည်‌ဆိုတာ နှောင်းသိတော့ အားနာရသည်။ မျက်နှာ ဘယ်နားထားရမှန်းမသိအောင် ရှက်‌သလိုလို... အားနားသလိုလို စိတ်များ ဝင်ရောက်လာခဲ့သည်။

"ဟဲ့... အဲ့ဒီတစ်ယောက်က ချောတာတော့ တော်တော်ချောတယ်ဟ.... ကြည့်ရတာလည်း သဘောကောင်းမယ့်ပုံလေး..."

နီလာက စွမ်းပုံသဏ္ဍန်အား မေးလေးထောက်ကာ ပြုံး၍ ပြောနေသော်လည်းကျူးက...

"အံမယ်.... နင်တို့ကိုပါ သူက ပြုစားလိုက်တယ် ထင်တယ်.... ဘာပဲဖြစ်ဖြစ် အဲ့လို သက်သက်မဲ့ ဇာတ်လမ်းဆင်နေတဲ့သူကို ဝေးဝေးသာရှောင်..."

နီလာ လက်ကနာရီ တစ်ချက်ကြည့်၍....

"ငါတို့ Chemistry ဘက် ခဏသွားစရာရှိသေးလို့ သွားလိုက်ဦးမယ်... လာ... အင်ကြင်း သွားမယ်..."

နီလာခေါ်ရာသို့ အလောတကြီးထသွားရာ ‌ကျူးနှင့် နှောင်းသာ ကျန်ခဲ့သည်။ ကျူးက ထုံးစံအတိုင်း အားပါတရ စား၍ ဟင်းရည်အား ပန်းကန်လုံးလိုက် မော့ချပစ်လိုက်သည်။

"ကျူး.... ငါ့ပိုက်ဆံအိတ် အတန်းထဲမှာ ကျန်ခဲ့ပြီ..."

"ဟင်... ဟုတ်လား.... ငါ့ပိုက်ဆံအိတ်ကလည်း ကားထဲမှာ...."

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now