ကိုးလ်စစ်ဟန်က သူ့လူတွေကိုအမူအယာတစ်ခု လုပ်ပြလိုက်ချိန်တွင် ထိုသူတွေက ဦးမင်းအာကာမျက်နှာပေါ်က ချည်နှောင်ထားသော အရာများအားလုံးကို ဖယ်ရှားလိုက်ကြသည်။

" Dad..... "

" ငါတို့အလစ်တိုက်ခံခဲ့ရတာ ....ဘာမှပြင်ဆင်ချိန်တောင်မရှိလိုက်ဘူး "

" ဦးလေးကော.....ဦးလေး "

" သေပြီ....အကုန်သေပြီ တစ်ယောက်မကျန် "

" ဘာ ! "

" အားယား....ဘာလို့ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေတာလဲ ဝမ်းနည်းဖို့ကောင်းအောင် "

ကိုးလ်ရဲ့ ဟန်ဆောင်ဝမ်းနည်းနေသော အသံကြောင့် လေပြေရှင်းရဲ့ ဒေါသတရားများက မီးတောင်တစ်ခုပေါက်ကွဲခါနီး အငွေ့တလူလူထွက်နေသကဲ့သို့ အရိပ်အယောင်များပြနေကာ အထဲ၌ ဟုန်းဟုန်းတောက် လောင်မြိုက်နေသည်။

" လေပြေကော..... မင်းလေပြေကို ဘာလုပ်လိုက်သေးလဲ "

" အဲ့ကလေးမက ကံကောင်းတယ်ပဲပြောရမလား...သူက တိမ်ယံဆင့်ဆီ သွားလည်နေတာကြောင့် ကျွန်တော့်လူတွေနဲ့ လွဲသွားတယ်လေ ပြီးတော့ စိတ်မပူပါနဲ့ ကျွန်တော်လေပြေကို လက်ဖျားနဲ့တောင်ထိမှာ မဟုတ်ဘူး "

" ထွီ...မင်းစကားတွေကို ဘယ်လိုယုံရမှာလဲ ။ ခိုးကြောင်ခိုးဝှက်နဲ့ အကြံအစည်များတဲ့ကောင် "

ဦးမင်းအာကာက မြင်မကောင်းလောက်အောင် အရိုက်နှက်ခံထားရသော်ငြား ကိုးလ်ကို စကားနာထိုးဖို့လဲ မေ့လျော့မနေခဲ့ပေ။

" ကျွန်တော့် လုပ်ရက်တွေက ခင်ဗျားလောက်ပဲဆိုးရဦးမလား "

" ကိုးလ်စစ်ဟန် မင်းနဲ့ငါတို့သားအဖကြားမှာ ဘာအကန့်မှမရှိဘူး။ အနိုင်လိုချင်တယ်ဆိုလဲ တရားနည်းလမ်းကျကျ ယှဉ်ပြိုင်သင့်တယ် "

" ဟက်....တရားနည်းလမ်းကျကျ !! ခင်ဗျားဆီက ဒီစကားကိုကြားရတာ ရယ်တော့ရယ်ရသားပဲ "

" ကိုးလ်အခုချိန်မှာပဲဖြစ်ဖြစ် ရပ်တန်းကရပ်လိုက်တော့ "

ကြားဝင်ကာဖြောင့်ဖြနေသော ရှင်းရဲ့ အသံကို ကိုးလ်က နားထဲပင်အဝင်မခံပေ။

Hate Poem Written With Love࿐Место, где живут истории. Откройте их для себя