မျက်​ဝန်းပြာလဲ့လဲ့က​လေး​တွေသည်​ အရှင်​မ​ဒေစီထံမှဆက်​ခံခြင်း။နှလုံး​သွေးထဲစီးဝင်​​နေမည့်​​တော်​ဝင်​ခြင်းအရာရာတို့က​တော့ ဧကရာဇ်​ထံမှဆက်​ခံခြင်း။

လေညှင်းနှင့်​အတူ​ဆောင်​ကြည်းလာ​သော ​ဒေစီရနံ့များသည်​ သူ့အား​ချော့မြူ​နေသလို ငိုယိုခြင်းသည်​ရှိလို့မ​နေခဲ့ဘဲကြည်​​​တောက်​​သောမျက်​ဝန်းပြာ​လေး​တွေနှင့်​ အသံ​လေး​တွေသည်​ တိုင်းပြည်​၏အရှင်​နှင့်​အရှင်​မကို မျက်ရည်​​တွေမရပ်​တန့်​နိုင်​​စေသည်​အထိပင်​။အရှင်​မ​ဒေစီ၏ပင်​ပန်းခြင်းဟူသ၍သည်​​လည်း ကင်​မ်​မျိုးဆက်​က​လေး၏အသံ​လေးနှင့်​တင်​ပျောက်​ကွယ်​ရ​တော့သည်​။

"ကင်​မ်​  နမ်​ဂျွန်း...."

အင်​ပါယာတစ်​​လျှောက်​သို့ပျံ့နှံ့သွားပါ​သော အရှင့်​သား၏နာမ​တော်​​လေး..​လေညှင်း​တွေအဆင့်​ဆင့်​​ဆောင်​သယ်​သွား​ပေးပါ​သောကျက်​သ​ရေရှိမှု​လေး..။တောင်​တန်းအသွယ်​သွယ်​၏အလွန်​...​တောအုပ်​​တွေ၏အလွန်​..​တောအုပ်​သခင်​မအက်​စတာပင်လျှင်​​ကောင်းချီး​ပေးပါလိမ့်​မည်​...။

"အရှင်​မမီးဖွားပြီးပြီတဲ့..အရှင့်​သား​လေး..​တော်​ဝန်​​သွေး​လေး.."

"ကင်​မ်​...နမ်​ဂျွန်း တဲ့.."

လပြည့်​​သောညလယ်​တွင်​မီးအိမ်​များတစ်​လုံးစီနှင့်​ ပြည်​သူများ၏စကားလုံးတို့တွင်​​ပျော်​ရွှင်​ရခြင်းအ​ကြောင်း​တွေအတိဖြစ်​​နေခဲ့သည်​။နာမ​တော်​​လေးကြားသည်​နှင့်​ပင်​ ရရှိ​သောချစ်​​မေတ္တာ​တို့သည်​ အရှင့်​သားငယ်​​လေးအ​ပေါ်အပိုအလျှံပင်​..။

"ဦးရီး အရှင့်​သား​လေး ​တော်​ဝင်​​သွေး​လေး ဆိုတာဘာလည်းဟင်​.."

အိပ်​​နေရာမှ​အော်​ဟစ်​​သောစကားသံများ​ကြောင့်​လန့်​နိုးလာ​သော​သုံးနှစ်​သား​ဆော့ဂျင်​​လေးသည်​ ​ပြေးလာရာမှ မီးဖိုနံ​ဘေးတွင်​ထိုင်​​နေ​သောဦးရီးလက်​ကိုဆွဲကိုင်​​လေသည်​။

"​ဆော့ဂျင်​ ! ဘာမှအထူးအဆန်းမရှိဘူး မ​ကောင်းဆိုးဝါး ​လူဖြစ်​လာတာပဲရှိတယ်​ သွားအိပ်​​တော့ ! သွား.."

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now