အရာအားလုံးသတိရလာခဲ့သော "မောင်" ~END~

305 29 10
                                    

Unicode✅ အပိုင်း၁၁

2 months ago
ထို2လအတွင်းမှာဘဲမောင့်အခြေအနေက ကောင်းလိုက်မကောင်းလိုက်နှင့်ပင်။
သတိရချင်တဲ့အခါ ရလာပြီးမေ့ချင်တဲ့အချိန်ကျပြန်မေ့သွားပြန်သည်။ယခုကတော့ သားလေးနှင့်မောင်က ဆော့နေသည်။

"Papa!"

"ဗျာ သားဘာဖြစ်လို့လည်း"

"Daddyကလူကိုညစ်တာ"

"ဘာဖြစ်လို့လည်း"

"Daddyကညစ်ပြီးတော့ဆော့တာ နိုင်သွားတော့လည်း သားကိုနှဖူးအကြမ်းကြီးတောက်တယ်"

"Papa ကိုပြပါဦး"

အရှေ့ဆံပင်တွေကိုလှန်ပြလာတဲ့ သားရဲ့နှဖူးလေးမှာနီရဲနေသည်။

"ဂန်ထယ်ဟျွန်း!"

"Nae!"

"မင်းအခုချက်ချင်းအောက်ကိုဆင်းလာခဲ့"

"လာပြီ ဘာဖြစ်လို့လည်း"

"သားနဲ့ဆော့တာ ညစ်ပြီးတော့ဆော့တယ်ဆို"

"ဟုတ်တယ်လေ"

"ဘာကိုဟုတ်တာလည်း ခေါက်လိုက်မှဖြင့်"

ဘောမ်ဂယူခေါက်ဖို့လက်ကိုပြင်လိုက်တော့ ဇက်ကလေးပုဝင်သွားကာ အနောက်ဆုတ်သွားသည်။

"သားကိုနှဖူးလည်းအကြမ်းကြီးတောက်လိုက်တယ်ဆို"

"အဲ့တာကျွန်တော့်ရဲ့အား အနည်းဆုံးအရှိန်နဲ့တောက်တာဘဲ"

"ငါတစ်ကယ်ခေါက်တော့မှာ"

စကားကနောက်မှပြောပြီး လက်ကအရင်ခေါက်ပြီးပြီဖြစ်သည်။

"အ့!"

မောင်ကခေါင်းကိုကိုင်ကာ အနောက်ကိုယိုင်သွားသည်။

"မောင်!!"

ဘောမ်ဂယူမှာ ပူထူသွားသောစိတ်နှင့်အတူအော်မိသွားသည်။မောင့်ရဲ့ကိုယ်ကိုထိန်းကာအခန်းထဲပို့ပေးရသည်။

"မောင် ရ...ရရဲ့လားဟင်"

"ရ...တယ်"

"Papaသားဆရာဝန်ခေါ်ပြီးပြီ"

"အင်းအင်း မောင်ခဏနားလိုက်နော်"

"......"

မောင်က ကုတင်ပေါ်တွင်လှဲကာနားနေသည်။

မောင့်ကိုချစ်ခဲ့မိလို့ ||Taegyu(Complete) Where stories live. Discover now