နောက်ကြောင်းသို့...

374 35 5
                                    

Unicode ✅ အပိုင်း၄

Chocolate Cosmosပန်းလေးတွေရဲ့အဓိပ္ပာယ်က"တစ်ခြားသူတွေထက်မင်းကိုပိုချစ်နိုင်ပါတယ်တဲ့"ငါကလည်းမင်းကိုတစ်ခြားသူတွေထက်ပိုသာတဲ့အချစ်နဲ့မင်းကိုချစ်နိုင်တယ်မောင်
--မောင့်ကိုချစ်ခဲ့မိလို့--

"ငါမင်းကိုကြိုက်တယ် မဟုတ်ဘူးထယ်ဟျွန်းငါမင်းကိုချစ်တယ်"

ထိုစကားကိုကြားပြီးပြီးချင်းဘောမ်ဂယူHyungကိုလှည့်ကြည့်လိုက်မိသည်။

"ဘယ်အချိန်ကတည်းကလည်းတော့ငါမသိဘူးထယ်ဟျွန်း ဒါပေမဲ့ငါမင်းကိုချစ်တယ်"

"Hyungကျတော်-"

"အဖြေမသိချင်ဘူးထယ်ဟျွန်း ငါ့ဘက်ကဘဲချစ်နေတာကိုမင်းသိရင်ရပြီမို့"

"ကျတော် Hyungကိုမချစ်ဘူး"

"အင်း သိတယ်"

"ဒါဆိုဘာလို့.."

"ဒီအတိုင်းဘဲ ငါမင်းကိုမပြောလိုက်ရရင်နောင်တရမယ်ထင်လို့"

"......."

"ငါသွားပြီ"

ထွက်သွားခဲ့တဲ့ဘောမ်ဂယူရဲ့ကျောပြင်ကိုမြင်ကွင်းကနေပျောက်သွားခဲ့သည်အထိသူရပ်ကြည့်နေခဲ့မိသည်။ထွက်သွားတဲ့ကျောပြင်ငယ်လေးရဲ့အထီးကျန်မှုတွေကိုသူခံစားလိုက်ရပါသည်။

ထိုနေ့ကစပြီးသူHyungနဲ့လည်းမတွေ့ဖြစ်တော့ပါ။Hyungဘက်ကလာတွေ့ပင်မဲ့သူကတော့Hyungကိုရှောင်နေမိသည်။Hyungနဲ့တွေ့ရင်စိတ်ကသိကအောက်ဖြစ်သလိုလိုရှက်သလိုလိုဖြစ်နေသောကြောင့်ပင်။

"ထယ်ဟျွန်းနား!"

အော်သံတစ်သံနဲ့အတူသူ့ဘေးကိုရောက်လာတဲ့ဘောမ်ဂယူကြောင့်သူရှောင်သွားဖို့တွေးလိုက်မိသည်။သို့သော်လည်းထိုသို့ရှောင်ထွက်သွားတာကမကောင်းဘူးမလား။

"မင်းငါ့ကိုရှောင်နေတာလားထယ်ဟျွန်း"

"မဟုတ်ပါဘူး"

"ဟိုရက်ကငါပြောလိုက်တဲ့စကားကမင်းကိုနေရခက်စေတယ်ထင်တယ်"

"......."

"ငါမင်းကိုလာနှုတ်ဆက်တာ"

"ဘယ်သွားမလို့လည်း"

မောင့်ကိုချစ်ခဲ့မိလို့ ||Taegyu(Complete) Where stories live. Discover now