part-1

3.5K 136 20
                                        


Uni!!


Bright sunအမည်ရှိတဲ့ ပေကျင်းရဲ့နာမည်ကြီး မူကြိုကျောင်းတစ်ခု...


နိုင်ငံရဲ့အကောင်းဆုံးမူကြိုကျောင်း10ခုထဲက
တစ်ခုဖြစ်တာမို့ တက်ရောက်တဲ့ ကျောင်းသားတွေကလည်း နာမည်ကြီး မျိုးရိုးမြင့်အိမ်တော်တွေက သခင်လေး/သခင်မလေးများသာဖြစ်ကြသည်။

ကျောင်းခန်းတွေထဲမှာ ကလေးတွေရဲ့ ကဗျာရွတ်သံ စာအံသံ ရယ်မောသံလေးတွေနဲ့ ဆူညံလျက်ရှိသော်လည်း

*ဒေါက် ဒေါက်*

့ကျောင်း Corridorတစ်လျှောက်မှာတော့ ဒေါက်ဖိနပ်သံ တစ်ဒေါက်ဒေါက် ကလွဲ၍ တိတ်ဆိတ်မှုကြီးကသာလျှင် မင်းမူလျက်...

ကျက်သရေရှိစွာ ထုံးဖွဲ့ထားတဲ့ဆံထုံး၊
shirt အဖြူလက်ရှည်၊ ဒူးနဲ့ကွက်တိကျနေတဲ့စကက်နဲ့ အနှီမိန်းကလေးက ကျောင်းသားမဟုတ်တဲ့ ကျောင်းဆရာမ တစ်ယောက်ဖြစ်ဟန်တူသည်။

ထိုဆရာမလေးရဲ့ ဦးတည်ရာကတော့

*knock knock*

"ဝင်လာခဲ့ပါ lock မချထားပါဘူးခင်ဗျ"

ကြားလိုက်ရတဲ့ အသံချိုချိုလေးကြောင့် ထိုအသံပိုင်ရှင်ကို ရှှုစားချင်လွန်းတဲ့စိတ်တွေနဲ့
ဆရာမလေးက တံခါးကိုအမြန်ဖွင့်လိုက်မိတော့သည်။

သူမ မြင်လိုက်ရတာက အလုပ်စားပွဲမှာ အလုပ်လုပ်နေတဲ့ အဖြူရောင်အမျိုးသားငယ်ကို...

အို......လှရက်လိုက်တာ...

သူမတို့မိန်းမတွေလို ကနွဲ့ကလျ လှနေတာမျိုးမဟုတ်ပါပဲ ဖွေးအုနုဖက်နေတဲ့ မျက်နှာအစိတ်အပိုင်းတွေကအစ လက်ချောင်းခြေချောင်းလေးတွေကအဆုံး အနုပညာဆန်ဆန်လှနေတာမျိုးဖြစ်ပြီး ယောက်ျားဆန်ဆန်
အပြုအမူတွေက သိမ်မွေ့နူးညံ့ပီး ကျက်သရေရှိတဲ့ အလှမျိုး......

သူမတို့လို မိန်းကလေးတွေတောင် အားကျမနာလိုသွားစေမဲ့အလှမျိုး...

"ဆရာမရှင်း ဆရာမရှင်း"

"ရှင် ဆ ဆရာဝမ်"

ရှင်းယီမှာ သူမ အငေးလွန်နေတာ လူမိသွားတာကြောင့်
မျက်နှာလေးရဲလို့ ရှက်သွေးဖြာသွားရသည်။
ထိုတော့ အနှီအမျိုးသားလေးက ပါးအို့လေးတွေ မို့တဲ့အထိ ပြုံးနေပြန်သည်...

MY  SURVIVALWhere stories live. Discover now