Part-1

17.8K 344 6
                                        

(Unicode)

''အဖွား...သက်လျာ အိမ်ထောင်ပြုဖို့ စိတ်မပါသေးဘူး''

''ဟဲ့...အဲ့လို ရမလားဟဲ့...မိန်းကလေးဆိုတာက
အရွယ်ရောက်လာရင်တော့ အိမ်ထောင်ဆိုတာပြုရမှာပဲ
ဘယ့်နှယ့် စိတ်မပါသေးဘူးတဲ့...ဒါက ဆင်ခြေလား''

Galaxy ကုမ္မဏီရဲ့Managing Director တယောက်ဖြစ်သည့်
နဒီသက်လျာ တယောက် အဖွားဖြစ်သူ၏ ရှေးရိုးစွဲအယူဝါဒတွေကြားမှာ ရူးပါရူးချင်နေပြီ။ အသက်၃၁ နှစ်တင်းတင်း
ပြည့်သွားပြီဖြစ်သည့် နဒီသက်လျာအနေနဲ့ အိမ်ထောင်ပြုဖို့ အစီအစဥ်လုံးဝ မရှိသေးသော်လည်း အဖွားဖြစ်သူကတော့ အိမ်ထောင်ပြုဖို့ကိုပင် တကြပ်ကြပ်တိုက်တွန်းနေပါတော့သည်။နဒီသက်လျာကလည်း ထိုကဲ့သို့ အိမ်ထောင်ရေးမျိုးကို ဘယ်လိုမှလက်မခံချင်ပါ။အထူးသဖြင့်ယောကျ်ားတယောက်၏ အုပ်ထိန်းမှုအောက်ကို လုံးဝအရောက်မခံနိုင်ပါ။ အရာရာကိုမိမိကသာ ဦးစီးဦးဆောင်လုပ်ချင်သူမို့
အိမ်ထောင်ဦးစီးဆိုတာကိုလည်း သက်လျာအလိုမရှိပါ။

''အဖွားရေ...အဖွားပြောလို့ပြီးပြီလား
သက်လျာ Meeting ရှိသေးတယ်''

''ဘာ....နင့်ရဲ့အဖွားဖြစ်တဲ့ငါနဲ့ အဲ့ Meeting
ဘယ်ဟာကအရေးကြီးလဲ''

''ဟုတ်ကဲ့....Meeting က အရေးကြီးပါတယ်''

ထိုစကားပြောပြီးသည်နှင့် သက်လျာဖုန်းချပစ်လိုက်သည်။powerပါတခါတည်းပိတ်ပစ်လိုက်ရသည်။ မဟုတ်ရင်
တနေကုန် ဖုန်းခေါ်ပြီး မပြီးနိုင်မစီးနိုင်ပြောနေလိမ့်မည်။
သက်လျာလည်း စုံလည်ကုလားထိုင် နောက်ကျော
ကို မှီချလိုက်ပြီး သက်ပြင်းတိုးတိုးချမိတော့သည်။
ဒီအဖွားတယောက်နှင့်တော့ သက်လျာဘယ်လိုလုပ်ရမည်
မသိ။ သက်လျာမှာလည်းဒီအဖွားကိုသိပ်ချစ်ရသလို ဒီအဖွားကလည်း သက်လျာအား တဦးတည်းသော
မြေးမလေးမို့ တုန်နေအောင်ချစ်ပါသည်။
အိမ်ထောင်ပြုဖို့ ကိစ္စတွေမပြောသရွေ့ သက်လျာနှင့်
အဖွားဖြစ်သူ ဒေါ်မြသိင်္ဂီတို့လည်း အဆင်ပြေပြေပေါ့။
အိမ်ထောင်ပြုဖို့ကိစ္စပြောလိုက်လျှင်တော့ဖြင့် မြေးအဖွား
နှစ်ယောက် အချေအတင်စကားများရတော့သည်။

''မမသက်လျာ ခဏနေ Meeting စပါတော့မယ်''

လာပြောသည့် အတွင်းရေးမှူးမိန်းကလေးအား
ခေါင်း​လေးအသာညိတ်ပြလိုက်သည်။ ထိုအခါ
ထိုမိန်းကလေး လည်းခေါင်းလေးအသာညွှတ်ကာ အရိုအသေပေးပြီး ပြန်ထွက်သွား၏။သက်လျာတယောက်
နောက်ထပ်တကြိမ်သက်ပြင်းချမိပြန်သည်။
ကြည်လင်နေသည့် စိတ်ကလေးဟာ အဖွားဖြစ်သူ၏
စကားတွေ​ကြောင့် ရှုပ်ထွေးသွားရ၏။

မြတ်နိုးမှုမှ အစပြု၍Stories to obsess over. Discover now