✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)

Start from the beginning
                                    

" အီး...ဟီး...မျက်နှာချောင်ချသွားတာ ကိုကို့ကြောင့်လေ၊ ကိုကို့ကို အရမ်းစိတ်ပူနေခဲ့ရသလို လွမ်းခဲ့ရတာ .... နေ့တိုင်းညတိုင်း စားမဝင် အိပ်မပျော်ခဲ့ဘူး ရွှတ် ရွှတ်..."

သိမ်မွေ့စံနွယ်မှာ သူမ မျိုသိပ်အောင့်အည်းထားသမျှ မျက်ရည်စများက တဖန်သက်ဝင်စီးတင်းလာလျှင်၊ နေဟန်မှိုင်းလည်း သူမ နဖူးထိပ်လေးကို နမ်းလိုက်ပြီး သူ့လက်မနှစ်ဖက်ဖြင့် သူမလေး၏မျက်ရည်များကို ဖယ်ရှားသုတ်သင်လိုက်သည်။

" ကိုကို မွေ့ငယ်လေးကို တောင်းပန်ပါတယ်၊ မငိုပါနဲ့နော်၊ မွေ့ငယ် မျက်ကွင်းလေးတွေတောင် ပန်ဒါဝက်ဝံပေါက်စလေးနဲ့တူနေပြီ၊ ကိုယ့်ချစ်သည်းလေးရဲ့မျက်လုံးလေးတွေ ဖောင်းအစ်နေပါအုံးမယ် "

" မျက်ရည်တွေက မွေ့မငိုချင်လည်း သူ့ဘာသူ ထွက်လာတာကို "

" အင်းပါ မွေ့ငယ်လေးရယ် ... ကိုကို အကြင်နာပေးရင်တော့ မွေ့ငယ်လေး အငိုတိတ်မယ်မလား"

နေဟန်မှိုင်းက ဖြူဖွေးဖွေးသွားလေးများပေါ်သည်အထိ ချိုသာစွာ ပြုံးလိုက်သည်။ ထို့နောက် သိမ်မွေ့စံနွယ်၏မေးစေ့လေးနှင့် ပါးပြင်လေးများကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် နူတ်ခမ်းချင်း အနမ်းဖလှယ်လိုက်သည်။

" ကဲဗျာ... အိမ်ထဲဝင်ပြီး အလွမ်းသယ်ရအောင် "

နေဟန်မှိုင်းလည်း သူမလေးကို အိမ်ထဲသို့သွင်းခဲ့ပြီး တိုက်ခန်းတံခါးကို သေချာပြန်ပိတ်ခဲ့သည်။ ထို့နောက် သိမ်မွေ့စံနွယ်၏ကိုယ်လုံးလေးကို မချီကာ သူတို့နှစ်ယောက်၏အိပ်ခန်းထဲကို ခေါ်ဆောင်လာသည်။ ကုတင်ပေါ်တွင် သူမကိုယ်လုံးလေးကို ပစ်တင်လိုက်ပြီးလျှင် သူချစ်ရသူ ဇနီးလောင်းလေးဆီက အချိန်အတော်ကြာ တောင့်တလွမ်းဆွတ်နေခဲ့ရသည့် အကြင်နာအနမ်းများကို သူ့စိတ်ကြိုက်ဖန်တီးရယူတော့သည်။

သူ့အနေဖြင့် သူမလေးကို တစ်စက္ကန့်မျှ အနားမပေးနိုင်ပါ။ နမ်းပြီးရင်းသာ နမ်းချင်နေခဲ့သည်။ သူ့အနေဖြင့် အလွန်တရာမှ လိုချင်တောင့်တခဲ့ရသည့် သူမ၏အငွေ့အသက်လေးများဖြစ်သောကြောင့်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now