Part -14 (Zawgi )

Start from the beginning
                                    

ဟယ်လို ..
မောင်မောင် မင်း ကုမ္မဏီရောက်ပြီလား..
မရောက်သေးဘူး..
အော်..အဲဒါဆို အတော်ဘဲကုမ္မဏီကို မသွားနဲ့တော့ ငါ့ကိုပြမဲ့ ဒီဇိုင်းတွေကို YGCC ကို ယူလာခဲ့..
YGCC ကို!!
ဟုတ်တယ်..ဘာလို့လဲ..
ဘာမဟုတ်ပါဘူး..အဲဒါဆို ကျွန်တော် အဲကိုလာခဲ့လိုက်ပါ့မယ်..

အင်း..အဲမှာ စောင့်နေမယ်..ရောက်ရင် ဖုန်းဆက်လိုက်..
ဖုန်းချပြီးပေမဲ့ ရင်ထဲ တစ်ခုခုထစ်နေသလို..။ ကုမ္မဏီရဲ့ ပါတီညက အဲဒီလုပ်ရပ်ကို သူ ဘာမဟုတ်သလို ဟန်ဆောင်ပြီး အပြီးလစ်ခဲ့ပေမဲ့ ရင်တုန်ပန်းတုန်ဖြင့် တစ်ညလုံး အိပ်မရခဲ့..။

ဘာမဖြစ်ဘူး..ဘာမဖြစ်ဘူး..ယောက်ျားချင်းချင်းဆိုပြီး ကိုယ့်ကို အသားလွတ် အားပေးခဲ့ပေမဲ့ နှစ်ရက်လောက် ထို အနမ်းရဲ့အကျိုးသက်ရောက်မှုကို ခံစားလိုက်ရတာ..ခု ပြန်ပြီး မျက်နှာချင်းဆိုင်ရရင်တော့ သူ ဘယ်လို ဟန်ဆောင် ပန်ဆောင် လုပ်ရမလဲ အတွေးနဲ့..သောက ရောက်နေရသည်။

နေပါအုံး..အဲဒီည ကိစ္စပြီးတော့ နောက်နှစ်ရက်လောက်မှာ သူ့ကောင်မ စေ့စပ်သွားတာမဟုတ်လား..
မဟုတ်မှလွဲ..အဲဒီကိစ္စ ..ဟား..မဟုတ်လောက်ပါဘူး..ဘာတွေ တွေးနေတာလဲ မောင်မောင်.. ဟားဟား.. ဟုတ်လည်း ဘာဖြစ်လဲ  မရွယ်ဘဲ စော်ကဲ မင်း ဖြစ်ရတာပေါ့..

ကိုယ့်အတွေးကို အပြတ်ဖယ်ထုတ်ပြီး မနက်စာတောင် မစားနိုင်တော့..။ ဒီဇိုင်း ဖိုင်ကို လွယ်အိတ်ထဲ အမြန်ထိုးထည့်ပြီး အင်္ကျီအဝတ်စား လှဲယူရပြန်သည်။

ဒါဘဲ ဝတ်လိုက်တော့မယ်..

ဒီဇိုင်းအလုပ်က ဝါသနာမလို့ဘဲလား..မသိ..သူ့အတွက် အတော်လေး ဈန်ထည့်ယူရသည်။ လုပ်ချင်တာက တစ်မျိုး လုပ်နေရတာက တမျိုးဖြစ်နေရပြန်တော့ စိတ်ပင်ပန်းပြီး လူက သွားလေရာမှာ အားမရှိပေ..။

နောက်ဆုံး ပြင်ဆင်ပြီးတော့မှ တိုက်ခန်းတံခါးကို သော့ခတ်ရသည်။ မယ်က မပြန်ခင် ဒီတိုက်ခန်းကို ရန်ကုန် အမျိုးတွေစီဝယ်ထားပေးလို့ ပရိဘောဂကအစ..မီးဖိုချောင်သုံး အားလုံး အစုံရှိသည်။

အတူနေမယ်လုပ်နေတဲ့ မယ့်ကိုလည်း မနည်းမောင်းထုတ်လိုက်ရတာ အမော..သူ့သား( သမီး) ကို ကလေး ထင်နေတာ အံ့ရော..ဒါတောင် တတွတ်တွတ် မှာသွားသေးသည်။

👑မောင့် အရှင် Where stories live. Discover now