ဟုတ်တယ် ...ကျွန်တော်က မကောင်းဆိုးဝါး လောကမှာ အဖြူစင်ဆုံးလူသားလေးကိုမှ အရောင်းဆိုးချင်နေတဲ့ ကျွန်တော်ဟာ အကျင့်မကောင်းတဲ့အပြင် စိတ်ဓာတ်ဆိုးဝါးနေတဲ့ လူတစ်ယောက်သာ ။ ရင်ဘတ်တက်တူးကလည်း ထိုအရာကို အချိန်တိုင်းသတိပေးနေတတ်၏ ။ တွေးနေတဲ့အရာအားလုံးခေါင်းထဲက ထုတ်ပြီး ရေနွေးငွေ့ငွေ့တို့စီးဆင်းနေတဲ့ ရေပန်းအောက်ဝင်လိုက်၏ ။ အရာအားလုံးကို ထားခဲ့ပြီး စာတော်တဲ့လက်ထောက်တစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် ပြင်ဆင်ရအုံးမှာ ဖြစ်တယ် ။

မနက်ဆေးရုံရောက်ကတည်းက လှုပ်ရှားလိုက်ရတဲ့လှုပ်ရှားမှုက တာဝန်ချိန်ပြီးမှသာ နားရတော့သည် ။ အိတ်နဲ့စာရွက်တစ်ချို့ကိုယူကာ ကားဆီကိုသွားတော့ ကားကိုမှီပြီး လက်လှမ်းပြနေတဲ့ ဂျွန်ဂျောင်ကု ။ ကျွန်တော့်ကားသော့ကို လှမ်းပစ်ပေးလိုက်တော့ ထိုသူဖမ်းကာ ကားမောင်းတဲ့နေရာမှာ နေရာယူလာ၏ ။ ဂျောင်ကု ထူးဆန်းစွာပဲ သူကားမောင်းတတ်ကတည်းက ဘယ်သူမောင်းတဲ့ကားမှမစီးဘူး ။ သူကိုယ်တိုင်မောင်းရမှပဲ အဲ့ဒီကားကိုစီးတယ် ။ချွင်းချက်အနေနဲ့ တစ်ယောက်သောစီနီယာမောင်းတဲ့ကားကလွဲ၍ပေါ့ ။

"မင်းပစ္စည်းတွေ အကုန်ပို့လိုက်ပြီလား "

ထယ်ယောင်း ကားထဲဝင်ထိုင်ကာမေးလိုက်တော့ ဂျောင်ကုက ခေါင်းငြိမ့်ပြ၏ ။

"သဘက်ခါဆို ငါပြန်တော့မယ် ...ကင်မ်ထယ်ယောင်း ...ငါ့ကို လိုက်ပို့ရမယ်နော် မင်းအဲ့နေ့တော့ ခွင့်ယူထား တစ်နေကုန်မဟုတ်တောင် နေ့တစ်ပိုင်းဖြစ်ဖြစ် "

"အင်းပါ ..."

ထယ်ယောင်းပြောပြီး မျက်စိကိုမှိတ်ကာ ကားခုံပေါ် မှီချလိုက်သည် ။

"ပြီးတော့ ငါလည်း တစ်ခါတလေ အလုပ်ရှိရင် လာခဲ့မယ် ..တစ်ယောက်တည်းနေတုန်း သေအောင်သောက်မနေနဲ့ ကြားလား "

"မင်းသာ ဟိုရောက်လည်း ဒီမှာလို ရန်ဖြစ်သောက်စားပြီး ပေတေမနေနဲ့ ..ပြောသာပြောရတာ ဟိုမှာက စီနီယာရှိတော့ ဒီမှာလို ဂျိုကြွနိုင်ပါ့မလား ..မင်းက လင်ကြောက်ကောင်တော့မဟုတ်ပေမယ့် သူနဲ့ဆို လိမ္မာချင်တယ်မလား "

Cherish Where stories live. Discover now