ထိုအမေးကိုကြားခြင်းခြင်းထူးမြတ်အမြန်ခေါင်းညှိပ်ပြလိုက်ပြီး သူ့ပုံဆံက ဒီမှာဆက်မနေချင်တာအရမ်းသိသာလှသည်။

သူရတစ်ဖက်ကောင်းကိုကြည့်လိုက်ပြီးအားမရစွာ
"ပါးစပ်ကဖြေ"

"အင်း ကျွန်တော်အိမ်ပြန်ချင်တယ်"

"ကောင်းပြီ မင်းအိမ်ပြန်ချင်ရင်ငါပြောတာနားထောင်ရမယ် မဟုတ်ရင် မင်းတစ်သက်လုံးမင်းအိမ်ပြန်ပြီး မင်းမိသားစုကိုတွေ့ရမယ်မထင်နဲ့"

သူရထူးမြတ်အားလေသံမာမာနဲ့ခြိမ်းခြောက်လိုက်ပြီး သူစိတ်ထဲမှာတော့ ထိုကောင်လေးကို သူအားကြောက်ပြီးသူ့စကားနာထောင်စေချင်ယုံသာ သိုပေမဲ့ဟိုကလန့်သွား ပြီး မျက်ရည်တွေဝိုင်းလာပြီး ငိုတော့မလိုဖြစ်တာကြောင့် သူ့မှာပူထူသွားပြီး ထိုင်နေရာမှအမြန်ထကာ ထူးမြတ်နားသို့အမြန်သွားပြီး

"ဟိတ်..ဟိတ်..မငိုနဲ့နော် ငါချော့မတတ်ဘူး ဟိတ်..ကောင်လေးမငိုနဲ့လို့"

သူအနားရောက်လာမှပိုဆိုးသွားတာကြောင့် သူရခြေဖျားလက်ဖျားတွေပါအေးစက်သွားကာ ဘာဆက်လုပ်ရမလဲသူမသိတော့ချေ

သူသိတာကထိုကလေးမငိုတော့ဖို့ဆက်ချော့နေယုံသာ သို့ပေမဲ့သူလို လူက လူတစ်ယောက်ကိုဘယ်လိုချော့ရမလဲသူဘယ်သိမှာလဲ သူရဲ့အချစ်ဦးကိုတောင် သူချော့ဘူးသည်မဟုတ် အချစ်ဦးလို့ပြောရမှာထက် လိုက်ဖက်လို့တွဲခဲ့သည်မှာပိုမှန်မည်။

သူတို့စကားများတိုင်းသူရဘက်ကတခါမှမချော့ဘူးပေ ဒီအတိုင်းရက်နည်းနည်းကြာရင် ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လေ ထို့ကြောင့် ရီးစားလဲထားခဲ့ဘူး play boyလဲဖြစ်တဲ့သူက ရီစားဟောင်းကိုတောင်အောက်မကျဘူးတဲ့သူက အခုတော့ ဒီကောင်လေးကို အောက်ကျခံပြီး ချော့နေရပြီလေ

၂နာရီလောက်ကြာအောင်သူကြိုးစားပြီးနောက်မှာတော့ သူအောင်အောင်မြင်မြင်နဲ့ ထိုကလေးအားအငိုတိတ်အောင်လုပ်နိုင်ခဲ့ပြီလေ ထို့နောက် သူရ သူအတတ်နိုင်ဆုံး သူလေသံအား ချိုသာအောင်လုပ်လိုက်ပြီးအသုံးနှုန်းတွေကိုပါပြောင်းကာ

"ကိုယ်ပြောချင်တာ ကိုယ့်အသံကအရင်ထဲကကျယ်တယ် လေသံမာတယ်
ကိုယ်မင်းကိုဆူနေတာမဟုတ်ဘူး ကိုယ်မင်းနဲ့ဆွေးနွေးနေတာ ဟုတ်ပြီလား"

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now