စာစဉ် (၁၆၅)

1K 28 1
                                    

အပိုင်း(၂၃၄၄)စွန့်ပစ်ခံကလန်၏ နက်ရှိုင်းသော အင်အား

ရှန်းယိကုန်းမြေတွင် စွန့်ပစ်ခံကလန်ကို ဗဟိုပြု၍ သန့်စင်သော ရွှေရောင်အလင်းများ ထုတ်လွှတ်နေပြီး ကုန်းမြေတစ်ခွင်ကို ဖြန့်ကျက်သွားသည်။ ကုန်းမြေက မှုန်မှိုင်းသည့် အရောင်အဝါတို့နှင့် စွန်းထင်းနေကာ ကုန်းမြေတစ်ခုလုံးကို ၎င်း၏ အလင်းအောက် လွှမ်းခြုံထားပေသည်။

အမြင့်မှ ငုံ့ကြည့်လိုက်သည့်အခါ ၎င်းသည် ကုန်းမြေတစ်ခွင်လုံး ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ကြီးမားသည့် ဝင်္ကပါက ကျယ်ပြောလှသော ရှန်းယိကုန်းမြေကို ဖုံးလွှမ်းထားသည်။ ဤကြီးမားသည့် ဝင်္ကပါအတွင်း ခမ်းနားထည်ဝါသည့် ပုံရိပ်များနှင့် အစီအရင်ကို ရှင်းလင်းစွာ လုပ်ဆောင်နိုင်ပေသည်။ ထိုအစီအရင်ဝင်္ကပါအတွင်း ရှေးဟောင်းနတ်ဘုရားများ ရပ်နေသည်ကို ခပ်ဝါးဝါး မြင်နိုင်ပြီး သူတို့က ဝင်္ကပါအစီအရင်နှင့် ရောမွှေခံထားရကာ တစ်သားတည်း ဖြစ်သွားသလိုပင် ဖြစ်သည်။

ဤကြီးမားလှသော ဝင်္ကပါအစီအရင်က စွန့်ပစ်ခံကလန်မှ ခေတ်အဆက်ဆက် ဘိုးဘေးများ၏ ကြိုးစားအားထုတ်မှုရလဒ် ဖြစ်သည်။ သူတို့ သုတ်သင်ခံရပြီးနောက် ဘိုးဘေးတချို့သည် သူတို့၏ နောက်ဆုံးကျန်ရစ်သော စွမ်းအားများကို ဝင်္ကပါအတွင်း ပေါင်းစပ်ပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေခဲ့သည်။ မရေတွက်နိုင်သော နှစ်များတလျှောက် ဤကြီးမားလှသော ဝင်္ကပါက စွန့်ပစ်ခံကလန်မှ ဘိုးဘေးများစွာ၏ စွမ်းအားတို့ကို စုပ်ယူထားခဲ့သည်။ ထို့ကြောင့် ယနေ့တွင် မြင်နေရသည့် ကြောက်မက်ဖွယ် ဝင်္ကပါအစီအရင်တစ်ခု ဖြစ်ပေါ်လာပေသည်။ ဤဝင်္ကပါအစီအရင်ပေါ် မှီခို၍ စွန့်ပစ်ခံကလန်က လေဟာနယ်တလျှောက်တွင် အလွန် အန္တရာယ်များသော အခြေအနေများမှလွဲ၍ လုံခြုံစွာ ဖြတ်ကျော်နိုင်ခဲ့ပေသည်။

ရှန်းယိကုန်းမြေတစ်ခုတည်း မဟုတ်ဘဲ စွန့်ပစ်ခံကလန်၏ နယ်​မြေသည်လည်း နှိုင်းယှဥ်၍မရအောင် ခမ်းနားထည်ဝါလှသည့် အလင်းတို့နှင့် လင်းလက်လာသည်။ စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေသည် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတို့နှင့် လွှမ်းခြုံခံထားရပြီး ယခင်က မည်သည့်အခါကမှ မတည်ရှိတော့သလို တဖြေးဖြေး မည်သည်မှ မရှိတော့အောင် ပျောက်ကွယ်သွားပေသည်။ ဤမြင်ကွင်းက ကျင့်ကြံသူများစွာကို ထိတ်လန့်တုန်လှုပ်သွားစေပြီး သူတို့သည် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ ယခင်က ပြောခဲ့သည့် စကားများကို သတိရစေခဲ့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now