အထိုးခံထားရတဲ့lisaကတော့ အားအင်တွေလျော့နည်းနေပြီးဖြစ်ပြီးး သူ မနည်းကိုအသက်ရှူနေရတယ် နှလုံးကနာကျင်တာကတစ်ဖက် ထိုးနှက်ခံရသည်ကနာကျင်တာကတစ်ဖက် နဲ့ သူတို့ရဲ့ပြောဆိုမှုတွေကြားကခံနေရသည် တကယ်ကိုမလွယ်လှပါလားးး

''လာပါ...jenရှင်းပြပါ့မယ်...ခုတော့ဒီနေရာက သွားရအောင်"jennie

jennie သူ့ကိုမနည်းဆွဲခေါ်နေရပါသည်မဟုတ်ရင်ဒီနေရာမှာတင်ဘာမဆိုဖြစ်သွားနိုင်သည်မို့

''ဒီမှာ...lisa မင်းကိုjenဘာကြောင့်ခေါ်ထားမှန်းမသိပင်မဲ့ သူမတစ်ခုခုဖြစ်ရင်မင်းလည်းးသေဖို့တာပြင်ထားလိုက်"kaiလက်ညိုးငေါက်ငေါက်ထိုးကာ လဲကျနေသောlisaရဲ့ဗိုက်ကိုခြေထောက်ဖြင့်တစ်ချက်ကန်လိုက်တယ်

မသိရင်သူက အနှိပ်စက်ခံအရုပ်တစ်ခုလိုဘဲ

''သွားရအောင်လာပါ...."jennie

jennie kaiလက်ကိုဆွဲကိုင်ပြီး ထွက်သွားမယ်လုပ်ပြီး သူ့ကိုတစ်ချက်ကြည့်လိုက်တော့

သွေးတရွှဲရွှဲ နဲ့ နှလုံးကိုဖိထားတာကိုတွေ့လိုက်ရတယ် ထပ်ကြည့်နေရင်သူမ နေနိုင်တော့မှာမဟုတ်လို့အခန်းပြင်ကိုသာမြန်မြန်ထွက်ပြီးအခန်းသော့သာခက်လိုက်တော့တယ်

''အနာတရတွေကမနာကျင်ဘဲမင်းသူ့လက်ကိုဆွဲကိုင်ထားတာက ပိုနာကျင်ရတယ်ဆိုတာကိုမင်းသိရဲ့လားjaneရဲ့''

lisaမျက်လုံးတောင်ကောင်းကောင်းမဖွင့်နိုင်တော့  မျက်စွန်နားမှာ မျက်ရည်စလေးတွေနဲ့သိပ်ကိုဝမ်းနည်းစရာကျေကွဲစရာကောင်းလွန်းတဲ့အပြုံးတစ်ခုသာပန်ဆင်ထားပြီးအဲ့သွေးတွေအိုင်နေတဲ့ နေရာမှာတင်ခွေခွေလေးရှိနေလေတော့သည်

.

.

.

''jen....မင်းဘာကြောင့်ဒီကိစ္စတွေကိုယ့်ကိုမပြောတာလဲ  ''kai

kaiသူ့စိတ်တွေဆောက်တည်ရာမရဖြစ်နေပြီးး မေးစရာမေးခွန်းတွေလည်းသိပ်များနေခဲ့တယ်

''စိတ်အေးအေးထားပါလားး"jennie

''ဒီလောက်အန္တရာယ်များတဲ့ကိစ္စက ဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မှာလဲ..."kai

Heavy HeartWhere stories live. Discover now