ဆောင်းရာသီအတွင်း နေထိုင်မှုက ရိုးရှင်းပါတယ်။ နံနက်တိုင်း ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့က တိရိစ္ဆာန်သားရေထူထူ၀တ်ဆင်ကြပြီး နှင်းတွေကို သန့်ရှင်းဖို့အတွက် တံခါးဝကို သွားကြတယ်။ထို့နောက် Orcs တွေ သိသင့်တဲ့ဗဟုသုတတွေကို  တပေါကိုသင်ကြားပေးပြီး အန်းချီလော့နဲ့ပိုင်မုတို့က လူတိုင်းအတွက် အစားအသောက်ပြင်ဆင်ပေးလိမ့်မယ်။ သူပျင်းလာတဲ့အခါ ဘာမှလုပ်စရာမရှိတာကြောင့် ပိုင်မုက ကောင်းမွန်တဲ့အစားအစာတွေပြုလုပ်ဖို့  နေ့တိုင်းချက်ပြုတ်နည်းကို ပြောင်းတယ်။

အဲဒီနေ့ လူတိုင်းအိပ်ရာကထပြီးနောက် မီးပုံပတ်ပတ်လည်မှာထိုင်ပြီး  သက်၀င်လှုပ်ရှားစွာ အကင်,ကင်စားကြတယ်။မီးဘေးမှာ ကန်စွန်းဥအနည်းငယ်ရှိတယ်။ဒါတွေက ဒီနေ့ အတွက် သူတို့ရဲ့မနက်စာပဲ။ချမ်းအေးတဲ့ဆောင်းရာသီမှာ လူတိုင်းက နောက်ကျမှထပြီး မနက်ခင်းမှာ အစားနည်းနည်းပဲစားကြတယ်။

ပိုင်မုက ဖက်ထုပ်စားချင်တာ။ သူက ဒီနေ့မှာ ဖက်ထုပ်လုပ်ဖို့ စီစဉ်ထားတယ်။ဒါကြောင့် ခဲယ်လ်တစ်နဲ့လိန်းကျယ်ကို ခေါက်ဆွဲလုပ်ဖို့ ဂျုံကြိတ်တာကူညီခိုင်းပြီး သူနဲ့ အန်းချီလော့က အသားကို ပြင်‌ဆင်ကြတယ်။

"အစ်ကိုကြီးပိုင်မု ဖက်ထုပ်က အရသာရှိလား"တပေါက မျက်တောင်ခတ်လိုက်ပြီး ပိုင်မုကို  ကြီးမားဝိုင်းစက်တဲ့မျက်၀န်းတွေနဲ့ ကြည့်လိုက်တယ်။လတ်တလောမှာ  နေ့တိုင်းအရသာရှိတဲ့ အစားအစာတွေစားရတာကြောင့် ဆောင်းရာသီက အရမ်းပျော်ရွှင်စရာကောင်းတယ်လို့ ပထမဆုံးအကြိမ်သူ့ကိုခံစားရစေတယ်။

"လုပ်ပြီးရင် သိလိမ့်မယ်" ပိုင်မုက နေရာလွတ်ထဲက မုန့်နယ်ဖို့ဒလိမ့်တုံး ကို ထုတ်ယူလိုက်ပြီး ပြောလိုက်တယ်။ "ဂေါ်ဖီထုပ်၊ ကြက်သွန်စိမ်းနဲ့ ကြက်သွန်မြိတ် ဘာစားရတာကြိုက်လဲ"

"ကြက်သွန်မြိတ်"

"ဂေါ်ဖီထုပ်" လူတိုင်းက တစ်ယောက်တမျိုးစီပြောကြတယ်။ ပိုင်မုက လူတိုင်းရဲ့အကြိုက်က ကွဲပြားမယ်လို့ ထင်တာကြောင့် အစာသွပ်ရမယ့်ဟာတိုင်းကို ပြင်ဆင်ရမယ့်ပုံပေါ်တယ်။ဒါကြောင့် လူလူသားရဲနဲ့လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေကို  နေရာလွတ်ထဲက ထုတ်ယူလိုက်ပြီး  သိုလှောင်ခန်းထဲကနေလည်း ငှက်ဥတွေကို ရှာတွေ့ခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now