အခု လူတွေက သူ မရူးဘူးလို့ ပြောလာကြပေမယ့် သူကတော့ ကျေကျေနပ်နပ်ကြီး အရူးအဖြစ်ခံလိုက်၏။

   ရူးနေမှသာ တချို့ ထူးခြားတဲ့အရာတွေ လုပ်နိုင်မှာ ဖြစ်တာကြောင့်ပင်။

   ဥပမာအနေနဲ့ ဒီတစ်ခေါက်မှာ . . . . သူသာ သာမာန်လူတစ်ယောက် ဆိုပါက ဒီအခြေအနေက တကယ်ကို ကိုင်တွယ်ဖြေရှင်းရ ခက်သွားမှာ ဖြစ်သည်။

   ဒါပေမယ့် အခုသူက ဘာကဘာလဲဆိုတာ ကောင်းကောင်း မခွဲခြားနိုင်တဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အရူးလေး မဟုတ်တော့ပေ။သူ အနိုင်ကျင့်ခံရရင် ပြန်လက်စားချေရမယ်ဆိုတာ သိနေပြီ ဖြစ်၏ !

   " . . . . . . "အကြီးအကဲရဲ့နှုတ်ခမ်းတွေ တွန့်သွားပြီး ၀မ်ကျင်းကို ထပ်မကြည့်တော့ဘဲ ထိုအစား ထိပ်တိုက်ရင်ဆိုင်နေကြသူတွေဆီသာ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

  ခုနက ထိပ်တိုက်တွေ့နေကြတဲ့ နှစ်ဖက်စလုံးက အကြီးအကဲရောက်လာတာကြောင့် ပြန်ဆုတ်ခွာလိုက်ကြပြီး လူသားပုံစံ ပြန်ပြောင်းလိုက်ကြလေသည်။

   မျိုးနွယ်စုထဲက လူအားလုံးက အကြီးအကဲရဲ့စကားဆို အလွန်နားထောင်တတ်ကြသည်။ယွမ်ဟန်က လွဲ့လို့ပေါ့ . . . . .

   ယွမ်ဟန်ကတော့ အကြီးအကဲကို မြင်ပြီးတဲ့နောက်မှာ ဖြန့်ကျက်ထားတဲ့ အတောင်ပံတွေကို ပြန်ရုပ်သိမ်းလိုက်ပြီး ခြေသည်းတွေကို ပြန်သိမ်းလိုက်ပေမယ့်လဲ လူသားပုံစံ ပြန်ပြောင်းဖို့ကိုတော့ ငြင်းဆန်နေဆဲပင်ဖြစ်၏။

   Orcရဲ့သားရဲပုံစံက ပြောရရင်ခြိမ်းခြောက်နေတဲ့ အငွေ့အသက်တွေ ရှိနေတာကြောင့် လူသားပုံစံလောက် အန္တရာယ်မကင်းပေ။ယွမ်ဟန်ရဲ့ ထိုအပြုအမူက အကြီးအကဲအား နှိုးဆော်လိုက်သလို ဖြစ်သွားလေသည်။

   အကြီးအကဲရဲ့အမူအရာက မှုန်မှိုင်းလာပြီး ထိန်းမနိုင် သိမ်းမရ ဒေါသထွက်လာတော့မှာ မြင်လိုက်ရတာကြောင့် နောက်ဆုံးတော့ ယွမ်ဟန် သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ကာ လူသားအသွင် ပြန်ပြောင်းလိုက်၏။

   "မျိုးနွယ်စုရဲ့ စည်းမျဥ်းတွေအရ ကောအာကိုသတ်ရင် မျိုးနွယ်စုထဲကနေ နှင်ထုတ်ခံရမယ်,orcကလဲ ကိုယ့်ကောအာကို ကိုယ် ကောင်းကောင်း မကြီးကြပ်တာကြောင့် အတူတူအပြစ်ရှိတယ်"ယွမ်ဟန် လူပုံစံပြန်ပြောင်းပြီးတာနဲ့ အရင်ဦးအောင် ပြောလိုက်သည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now