အပိုင်း (၂၂)

2.5K 77 0
                                    

Unicode
~~~~~~

"လွန်းရေ ဒီမှာမြေးဗိုက်ဆာနေတယ်ထင်တယ်......."

ဒေါ်သူဇာသွေး Patriciaလေးကို ချီကာ ဧည့်ခန်းကိုစကားပြောကာထွက်လာရင်း ဦးထွန်းလင်းတို့ကို တွေ့တော့ ရပ်တန့် သွားခဲ့သည်။ထိုအချိန် လရိပ်လွန်းက သမီးဖြစ်သူအားချီရန်ထတော့မည့်အချိန် အဖေဖြစ်သူ ကို မျက်စပစ်ပြလိုက်သည်။

"သမီးလေး ဗိုက်ဆာပြီလား လာမာမီချီမယ်"

"သူဇာ ဒီမှာလာထိုင် သမီးရဲ့ ယောက္ခမတွေရောက်နေတယ်"

ဦးမင်းသူရိန် က အသံပြတ်ပြတ်ပြောလိုက်တော့ ဒေါ်သူဇာသွေးက ဝင်ထိုင်ကာ တစ်ဖက်ကို မျက်နာလွှဲထားလိုက်သည်။ အမေဖြစ်သူဝင်ထိုင်တာတွေ့မှ လရိပ်လွန်းလည်းဝင်ထိုင်လိုက်သည်။

"ခမည်းခမက်တို့ နေကောင်းပါတယ်နော်"

"နေကောင်းပါတယ် မသီတာရယ် ဟင်းးးဟင်းးး"

ဒေါ်သူဇာသွေးမှာ ရယ်နေသောဤလူကိုကြည့်လိုက်တော့ သဘောမနောကောင်းနေပုံရသည်။သူမကတော့ လူမှုရေးမသိသည့်မိန်းမတစ်ယောက်ပေါ့။

"ဒီလိုပါ ကျွန်တော့်ရဲ့လာရင်းကိစ္စက ဒီက မသူဇာသွေးကိုတောင်းပန်ဖို့ပါ "

ဦးထွန်းလင်းကထိုသို့ပြောလိုက်တော့ ဒေါ်သူဇာသွေး လှောင်ပြုံးတစ်ချက်ပြုံးလိုက်သည်။

"ဖြစ်ခဲ့သမျှအားလုံးက ကျွန်တော့်အမှားတွေပါ ကျွန်တော် မနီလာသွေးဖက်ကို မကြည့်ခဲ့မိဘူး သူမဆုံးမှ ကျွန်တော်နဲ့လက်မထပ်ခင်က ဆေးမှတ်ထမ်းတစ်ခုကို ကျွန်တော်တွေ့ခဲ့တယ် အဲ့စာရွက်က သူမမှာနှလုံးရောဂါ အစပြုနေပြီတဲ့ ကျွန်တော်အသိနောက်ကျသွားခဲ့တယ်ဗျာ ကျွန်တော် မနီလာသွေးမရှိတော့တဲ့အတွက် ဒီက မသူဇာသွေးကိုပဲ စိတ်ရင်းနဲ့တောင်းပန်ပါတယ်"

နောက်ဆုံးဒေါ်သူဇာသွေး သက်ပြင်းရှည်ကြီးချလိုက်သည် သူမသမီးနှင့်မြေးဖြစ်သူကသူတို့ဖက်မှာ နေရမှာဖြစ်တဲ့အတွက်သူမကပဲ သင်းပုန်းချေလိုက်တော့မည်။

"သူဇာက ဘာမှမပြောပါဘူး ခမည်းခမက်တို့ စိတ်မကောင်းမဖြစ်ကြနဲ့တော့"

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Donde viven las historias. Descúbrelo ahora