Ep:6

450 57 2
                                    

လီဆာ မူကြို စတက်မည့်နေ့....

"လီလီ....လာပါဦး....ဖေဖေ့သမီးလေးက ကျောင်းသူကြီးဖြစ်တော့မှာပဲ.... ဖေဖေအလုပ်မသွားခင် မွှေးမွှေးပေးပါဦး"


"အာဘွား"

"အူး.....မွ.....ဟားး မွှေးလိုက်တာဗျာ..."

"ဟင် ဖေဖေကလည်း လီလီ အလှပြင်ထားတာတွေ ပျက်ကုန်ပြီ..."

"ဟားး ဟုတ်ပါပြီဗျာ... လာ ဖေဖေ့ မင်းသမီးလေးကို ဖေဖေက ကျောပိုးပြီး ကျောင်းကို လိုက်ပို့မယ်"


~~~~~~~

အလယ်တန်း ကျောင်းသားစုံညီပွဲတော်နေ့ ....

စာစီစာကုံးပြိုင်ပွဲ ပြည်နယ်အဆင့်မှာ ပထမရတဲ့ လီဆာ စင်ပေါ် ဆုတက်ယူရမယ့်နေ့....

ဖေဖေက လီဆာ ဆုယူရမယ့်ပွဲမို့ သူ့အလုပ်တွေ အကုန်ပစ်ပြီး လိုက်လာတာ

ဖြောင်း ဖြောင်း ဖြောင်း!!...ဖြောင်း....ဖြောင်းး....

အားလုံး လက်ခုပ်သံတွေ ရပ်သွားတဲ့ထိ မရပ်သေးတဲ့ လက်ခုပ်သံ တစ်ခု....

"လီဆာ လီဆာ လီဆာ.... ဖေဖေ့ သမီး အတော်ဆုံး!!!!"

စာစီစာကုံးဆုလေးရတာကို ဒီဖေဖေနဲ့တော့ လီဆာရှက်လိုက်တာ......

~~~~~~~~

"လီလီ သမီးလေးရေ ဖေဖေပြန်လာပြီဝေ့!!!"

"ယောင်းလေးရော ရောက်နေတာပဲ.... အတော်ပဲ ယောင်းလေးအတွက်ပါ ဦးကမုန့်တွေဝယ်လာတယ် လီလီနဲ့ အတူတူစားကြ....ရော့"

အလုပ်ကိစ္စနဲ့ ဖေဖေက ခရီးခနခန ထွက်ရတာ...
ပြန်လာတိုင်း လီလီ့အတွက် အပြင် ချယ်ယောင်းအတွက်ပါ မုန့်တွေအမြဲ ဝယ်လာပေးတတ်သေးတာ.....

~~~~~~~~

"မှိတ်ထားဦးနော် နေဦး.... ဖွင့်လို့မရသေးဘူး....

အိုခေ..... ဖွင့်လို့ရပြီ..."



"ဝါး..... ဖေဖေ တကယ်ကြီးလား...ရေးး လီလီက ဖေဖေ့ကို အချစ်ဆုံး!!....မွ!!!"

ဖေဖေက လီဆာ အရမ်းရချင်နေတဲ့ စက်ဘီးလေးကို လီဆာ့ မွေးနေ့မှာ surprise လုပ်ပြီး ဝယ်ပေးတာ...

"ဖေဖေက ဖေဖေ့ သမီးလေး လိုချင်တာမှန်သမျှကို အမြဲ ဖြည့်ဆည်းပေးသွားမှာ...ဟော့ဒီက ဖေဖေ့ သမီးလေးကို ဘယ်သူမှ လာထိလို့မရအောင် တစ်သက်လုံး ကာကွယ်ပေးသွားမှာ..."



How Could We ever Just Be Friends?Where stories live. Discover now