အပိုင်း (၂၁)

Start from the beginning
                                    

ကြည့်ရတာမေမေက အန်ကယ်ထွန်းလင်းကို တော်တော်အစာမကြေခဲ့ဘူးထင်တယ်၊သူမစကားနဲ့သူမကို မေမေကပြန်မပြောနိုင်အောင်လုပ်နိုင်သည်။

"အီးးးမာမီ ဝါဝူးးးးး"

မေမေနဲ့လွန်းစကားပြောနေတုန်း ကိုကိုကသမီးငိုနေလို့ လွန်းဆီသို့ခေါ်လာပေးတော့ သမီးကိုချီကာ ချော့မြူရသည်။မေမေ့အခန်းထဲမှာပဲ သမီးကိုခနချော့တော့ သမီးက ဂျီကျတာတိတ်ပြီး ဖွားအေဖြစ်သူအားကြည့်နေလေ၏။

"အေးဟုတ်တယ် ဖွားစိတ်လျော့ပြီး Patriciaကိုကြည့်လို့"

"ဖွားးးကြည့် ခ် ခ်"

သမီးက ဖွားအေကိုကြည့်ကာ ပြောရင်း သူမဘာသာသဘောကျကာ ရယ်တော့ ဖွားအေက တင်းမထားနိုင်တော့ပဲ မြေးမလေးအား ချီလေတော့သည်။

"အမလေး ဖွားမြေးလေးက ချစ်မွှေးလေးတော့ ပြပါဦး ချစ်မွှေးလေးက ဒီမှာလား မွ ဒါမှမဟုတ် ဒီဖက်ရောလား မွ"

"ခ် ခ် ခ်"

ဖွားအေကချစ်ပြတော့ သမီးကသဘောကျကာရယ်နေလေ၏။

=======

"Patricia လေးရေ ဒယ်ဒီပြန်လာပြီ"

"ကိုလင်း တိုးတိုးသမီးအိပ်နေပြီ"

အရင်က ချစ်လှပါချည်ရဲ့ဆိုတဲ့လူက ပြန်လာတာတောင် သူ့သမီးကိုအရင်ခေါ်လေသည်မို့ လွန်းမျက်စောင်းထိုးကာ ပြောလိုက်၏။အဲ့တော့မှ သူကသဘောပေါက်ကာ ပြုံးရယ်လျက် လွန်းနှဖူးအား လာရောက်နမ်းရှိုက်ရင်း

"အခြေအနေဘယ်လိုလဲ အချစ် အန်တီက ဘာတဲ့လဲ"

"ဘာရမှာလဲ မေမေက အန်ကယ်ထွန်းလင်းကို တော်တော်အခဲမကြေသေးဘူး လွန်းတောင် မနည်းကပ်ရတယ် အဲ့တာ မနက်ဖြန် လွန်းတို့သားအမိအရင်သွားထားမယ် ကိုလင်းတို့က နောက်ကလိုက်လာခဲ့ကြ "

"အင်းပါ မိန်းမရဲ့ မိန်းမလည်းပင်းပန်းနေရပြီ"

သူက ဂရုစိုက်ကာပြောတော့ သူမမှာ အနှီလူသားကို အချစ်တွေသာတိုးပွားလာရပါသည်။ချစ်စိတ်ကလေးကတဖွားဖွားပေါ်လာသောကြောင့် သူ့ပါးပြင်အား တစ်ချက်နမ်းလိုက်ပြီး သူအားဖက်က ရင်ခွင်ထဲဂင်နေလိုက်သည်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Where stories live. Discover now