"ဟုတ်ပြီခန့် good luck "

နေမကောင်းရင်လည်း အတန်းမဝင်ပါနဲ့ဆို
တီချယ်ကတော့နော်....
သို့ပေမဲ့ လှနေဆဲပဲ...
တီချယ်က အဖြူအစိမ်းနဲ့ဆို သိပ်လှတာ...

"မင်္ဂလာပါဆရာမ"

"မင်္ဂလာပါ သားတို့ သမီးတို့
ဒီနေ့ တီချယ်တို့စာ အဆက်လေး သင်ကြမယ်နော်"

နေမကောင်းသော်လည်း သူမ၏အသံမှာ
ကျောင်းသားအားလုံးကို လွှမ်းခြုံနိုင်သေးသည်...။

မြတ်အရှေ့မှ စားပွဲခုံခေါက်သံတိုးတိုးလေး...
ဤအသံသည်...
မြတ်အတွေးများကိုရပ်တန့်သွားစေခဲ့သည်...

"စာသေချာကြည့် ညနေကျ တချက်လာခဲ့"

"ဟုတ်...ဟုတ်ကဲ့ တီချယ်"

ညနေရောက်ရင်...အဘယ်သို့ ရင်ခုန်ခြင်းများနှင့် အသက်ဆက်ရှင်ရအုံးမည်နည်း...။

"တီချယ် မြတ်ရောက်ပါပြီ..."

"ဝင်ခဲ့..."

"ဟုတ်ကဲ့...တီချယ် မီးဖိုထဲမှာ ဘာလုပ်နေတာလဲ"

"ဟင်းချက်မလို့ ထမင်းတော့ တည်ပြီးပြီ"

"ဘာဟင်း ချက်မလဲ"

"ကြက်"

"သမီးချက်ပေးမယ်လေ တီချယ်"

"နေပါ တီချယ့်ဘာသာချက်မယ်"

"သမီးချက်တာ တခါလောက်စားကြည့်ပါ
တီချယ်ရဲ့ လျှာလည်သွားမယ် နော် နော်"

"သဘော..."

"အဲ့တာဆို တီချယ် ကြက်သားကိုင်ပြီးပြီလား"

"တီချယ့်ကြက်က ကိုင်စရာမလိုဘူး"

"အော်...တခါတည်း လုပ်ပြီးသားလား"

"မဟုတ်ပါဘူး အခွံတော့နွှာရမယ်"

"ဘယ်လိုကြက်ကြီးတုန်းတီချယ်ရဲ့"

"အကောင်မပေါက်သေးတဲ့ကြက်"

"‌သမီး မမြင်ဖူးဘူး တီချယ်"

"ရေခဲသေတ္တာထဲမှာ သွားကြည့်"

"အော်...သေလိုက်ပါတော့ မြတ်ရယ်
တီချယ်ပြောတာ ကြက်ဥကြီးကို..."

"အင်းလေ ကြက်ဥ...
အဲ့ကြက်ဥ နှစ်လုံးကို ချက်လိုက်
မင်းနဲ့ တို့ အတွက် ညနေစာပေါ့
မင်းပါစားရမယ်"

အချစ်ဦး တီချယ်Where stories live. Discover now