37 end🦋🐺

202 25 10
                                    

၂နှစ်ခန့်ကြာသော်

'' အိုတိုးစံ သားအိုတိုးစံကိုတိုင်စရာရှိလို့''

''အော..ပြောပါအုန်း ဘာတွေအလိုမကျပြန်လဲ ''

''ပါပါးလေ ''

''ပါပါး?..ပါပါးက အိုတိုးစံသားလေးကိုဘာလုပ်လို့လဲ ''

''ပါပါးကသားကိုရေခဲမုန့်မကျွေးဘူး သားကရေခဲမုန့်စားချင်တယ်လို့ ပြောတာကိုမစားရဘူးတဲ့ ''

''ဟုတ်လား ပါပါးကိုဆူပေးရမလား ''

''ဆူပေး ''

''jeongwoo...jeongwoo ''

''ဘာလဲ မောင့်သားကဘာတွေလာတိုင်ပြန်ပြီလဲ ''

''ဂွန်းလေးကရေခဲမုန့်စားချင်တာကိုမကျွေးဘူးဆို..ကလေးစားချင်တာကိုကျွေးလိုက်တာမဟုတ်ဘူး ''

''မောင်မသိပဲလျှောက်ပြောနေတယ် မောင့်သားကဒီနေ့တစ်နေကုန်ရေခဲမုန့်စားတာ၃ခွက်ရှိနေပြီ ''

''ဟုတ်လား ဂွန်းလေး ''

''အိုတိုးစံကလဲ သားကနဲနဲလေးပဲစားမှာပါနော်..''

''နဲနဲလေးလဲမရဘူး ပါပါးကချောင်းဆိုးမှာဆိုးလို့ပြောနေတာကို ''

''အိုတိုးစံ ပြောပေးပါအုန်း ''

''Wooရယ်နဲနဲပဲကိုကျွေးလိုက်ပါ ''

''မရဘူးကျန်းမာရေးအတွက်ပြောနေတာနော် ''

''ဂွန်းလေးဒီနေ့တော့မစားနဲ့တော့နော် နောက်နေ့မှအိုတိုးစံလိုက်ဝယ်ကျွေးမယ်''

''ဟွန့်..အိုတိုးစံရော ပါပါးရော စိတ်ဆိုးတယ် ''

''ငါလဲမောင့်ကိုရော ဂွန်းလေးကိုရောစိတ်ဆိုးတယ်''

rutoကိုအလယ်မှာထားပြီး တစ်ယောက်တစ်ဖက်တစ်ချက်စီလှည့်ပြီးကျောခိုင်းကာစိတ်ကောက်သွားကြပြန်သည်။အလယ်မှာထိုင်နေတဲ့rutoကတော့ အဲ့သားအဖနှစ်ယောက်ကိုကြည့်ပြီး ရယ်ယုံသာတတ်နိုင်သည်။

ခက်တော့တာပဲဒီသားအဖနှစ်ယောက်နဲ့တော့တစ်နေ့တစ်မျိုးမရိုးရအောင်မွှေနေကြတာ..ဂွန်းလေးကိုမွေးစားချင်ပါတယ်ဆိုပြီးနေ့တိုင်းနီးပါးဂျစ်ကျနေလို့ ကျတော့်တို့အလုပ်တွေကုမ္ပဏီနှစ်ခုသေချာအခြေချပြီး တစ်နှစ်အကြာမှာဂွန်းလေးကိုအမွေစားအမွေခံမွေးစားလိုက်တယ်။ ဂွန်းလေးရဲ့စိတ်ဓာတ်က jeongwooနဲ့တစ်ပုံစံထဲ ဂျစ်ကျတတ်တာတွေ..ဘယ်သူကိုမှအနိုင်မပေးတတ်တာတွေ
စွာတာတွေကတစ်ပုံစံထဲ..နှာတံတို့ နှုတ်ခမ်းတို့ကတော့ကျတော်နဲ့တစ်ပုံစံထဲပဲ။မွေးစားထားတယ်လို့ကိုမထင်ရအောင်ကိုတကယ်သားအရင်းလို ကျတော်တို့နှစ်ယောက်လုံးကဂွန်းလေးကိုအရမ်းချစ်ပေးကြတာ..

The most beloved opponentWhere stories live. Discover now