8🦋🐺

191 41 9
                                    

'' သူနဲ့အတူတွဲဖက် လုပ်မယ် ''

''ok..ဖြစ်စေရမယ် မောင်လေးကတော့ဟိုပြိုင်ပွဲစင်အနောက်မှာခဏသွားရပ်နေနော် အမအဲ့ဂျူနီယာလေးကိုခေါ်လာခဲ့မယ် ''

''အင်း..ဟုတ်ကဲ့ဗျ ''
စီနီယာအမထွက်သွားတော့ jihoonကမေးလာတယ်

''မင်းနေရောကောင်းရဲ့လား ဟာရူတို''

''ကောင်းပါတယ် ဘာလို့လဲ ''

'' ပတ်ဂျောင်းဝူနဲ့တွဲဖက်လုပ်မယ်ဆို..မင်းစိတ်ရောမှန်သေးရဲ့လား အဲ့တာမင်းရဲ့အကြီးမားဆုံးပြိုင်ဘက်နော် ''

'' အင်း သိတယ်လေ ဘာဖြစ်လဲ..တခါလောက်တွဲဖက်လုပ်ကြည့်မလို့လေ ''

၃ယောက်သားဘာမှမပြောတော့ပဲ အံ့သြတဲ့ပုံစံနဲ့သာကြည့်နေတော့တယ်.
.
.
.
.
'' ဟို..ဂျူနီယာလေးခဏလောက် ''

'' ကျတော့်ကိုခေါ်တာလားဗျ ''
ဂျောင်းဝူကလက်ညိုးလေးကိုကွေးကာသူ့ကိုသူထိုးပြလိုက်တယ်

''အင်း..ဟုတ်တယ်မောင်လေး ''

''ဟုတ်..ဘာဖြစ်လို့လဲ ဗျ ''

''မောင်လေးကိုအမတို့ဂိမ်းအစီအစဥ်မှာပါဝင်စေချင်လို့ပါ ''

''ဘာဂိမ်းလဲဗျ ''

''Papero gameပါ ''

''အော်..ကျတော် အဲ့ဂိမ်းသိတယ်''

''နိုင်ရင်ဂိမ်းစက်ရမှာပါ ''

''ဂိမ်းစက်..ရတယ် ပြိုင်မယ် ''

''အမနဲ့လိုက်ခဲ့နော် စင်နောက်မှာမောင်လေးတွဲဖက်စောင့်နေတယ် ''

''စီနီယာမမတို့က တွဲဖက်ပါတစ်ခါထဲရွေးပေးထားတာလား ''

''မဟုတ်ပါဘူး..အဲ့မောင်လေးကမောင်လေးနဲ့ တွဲဖက်လုပ်မယ်ဆိုလို့ပါ ''

''ဘယ်သူလဲမသိဘူး ''

''ရောက်မှကြည့်လိုက်ပါ ''

''အော်..ဟုတ် ''
ဘယ်သူပါလိမ့်ငါနဲ့တွဲဖက်လုပ်ချင်တဲ့သူက...ထားပါဘယ်သူဖြစ်ထဖစ်ဂိမ်းစက်တော့ရအောင်ယူရမယ်

စင်နောက်ရောက်တော့ဟာရူတိုကိုမြင်လိုက်တော့ အံ့သြသွားတယ်
''ဟာရူတိုမင်းကဒီဂိမ်းပြိုင်ဖို့လား ''

The most beloved opponentWhere stories live. Discover now