✽ အပိုင်း ၂၉ ✽

Start from the beginning
                                    

" ဟုတ်တယ် ... ရွှတ် ရွှတ် "

ဦးအေးဖေလည်း တေဇောခ၏ဆံပင်များကို ထိုးဖွလိုက်ကာ ကျောကုန်းကို ကြင်နာစွာ ပွတ်သပ်ပေး၏။

" မြန်မြန်အငိုတိတ်ရင် ဖေအေး သား လိုချင်တဲ့စက်ရုပ်ကို ခုပဲဝယ်ပေးမယ် ... ဘာ စက်ရုပ်လဲ "

တေဇောခလေးမှာ ပျော်ရွှင်မှုအငွေ့ကလေးနှင့်အတူ မျက်ဝန်းလေးများ လင်းလက်သွားသည်။

" ဖေအေး ဝယ်ပေးမှာလား "

" အခုပဲ ဝယ်ပေးမှာ ငါ့တူကို "

" ဖေအေးက အရမ်းချစ်စရာကြီးဗျာ "

တူဝရီးနှစ်ယောက် ချစ်ချစ်ခင်ခင်ရှိကာ ရယ်မောနေကြလျက်။ ထိုညတွင် တေဇောခမှာ ဦးအေဖေအိမ်တွင် အိပ်နေခဲ့သည်။ ဦးအေးဖေက သူ့အိမ်တွင် တေဇောခအတွက် သီးသန့်တစ်ယောက်အိပ်ခန်းလုပ်ပေးထားသည့်အတွက် တေဇောခလေးက ထိုအိပ်ခန်းထဲမှာ အိပ်နေခဲ့၏။

တေဇောခ၏မိဘများသည် သူတို့၏စီးပွားရေးလုပ်ငန်းများနှင့် အလွန်အလုပ်ရှုပ်ကြသူများဖြစ်သည့်အလျောက် သူတို့၏သားဖြစ်သူကို အိမ်တွင်ခဏခဏထားခဲ့ရသည်။ ထိုအခိုက်အတန့်များတွင် တေဇောခမှာ အိမ်ဖော်များ၊ အိမ်တော်ထိန်းများနှင့် မနေချင်သည့်အခါ ဦးအေးဖေတို့၏မိသားစုကို ခဏခဏ ဖုန်းလှမ်းဆက်ကာ သူ့ကိုလာခေါ်ခိုင်းလေ့ရှိခဲ့သည်။

တစ်ဦးတည်းသော သားလေးဖြစ်၍ လွန်စွာအဖော်မင်၏။ ဦးဝင်းဖေမှာ သားဖြစ်သူနှင့် သူ့ညီ ဦးအေးဖေကို သွေးအရမ်းရင်းနှီးမည်ကို မလိုလားသော်လည်း သူတို့အိမ်မှာမရှိသည့်အချိန်တွင် တေဇောခလေး တစ်ယောက်တည်း အထီးကျန်ဆန်နေသည်ကို မကြည့်ရက်သဖြင့် ဦးအေးဖေတို့မိသားစုနှင့်အတူတူနေသည်ကို ကြည်ဖြူပေးခဲ့သည်။

တေဇောခလေးအတွက် ဦးအေးဖေသည် သူ၏ဒုတိယဖလင်သဖွယ်ဖြစ်သည့်အလျောက် " ဖေအေး" ဟုသာ အမြဲတမ်းခေါ်နေခဲ့သည်။

အခန်းတံခါးဖွင့်သံကြားလျှင် တေဇောခမှာ အိပ်ရာကနေ ထလာခဲ့သည်။

" ဖေအေး ... "

" သား ... မအိပ်သေးဘူးလား "

" အိပ်မပျော်နေဘူးဗျာ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now