✽ အပိုင်း ၂၇ ✽

Start from the beginning
                                    

" ခင်ဗျားက ဘာကောင်လဲ "

" မင်းရဲ့ဦးလေးဆိုတဲ့အကောင် "

ဦးမိုက်ကယ်၏စကားကြောင့် နေဟန်မှိုင်း၏မျက်ဝန်းများမှာ အပြင်းထန်ဆုံးဒေါသအရောင်လွှမ်းမိုးသွားခဲ့ပြီး ဦးမိုက်ကယ်၏လည်စေ့ကို ဓားအား ပိုနက်နက်ထောက်ထားလိုက်ရာ သွေးအနည်းငယ်စို့လာသည်။ ဦးမိုက်ကယ်ကတော့ ရယ်နေခဲ့သည်။

" မတွေ့ရတာကြာပြီဖြစ်တဲ့ မင်းရဲ့ဦးလေးကို ကြိုဆိုတဲ့နည်းလေးက ချစ်စရာလေးပဲ"

" ခင်ဗျားကြီး -ီးစကားတွေ မပြောနေနဲ့ "

နေဟန်မှိုင်းလည်း အသံမာထန်ပြီး ဆဲဆိုအော်ဟစ်သည်။ ဦးမိုက်ကယ်ကတော့ အလွန်တည်ငြိမ်နေပြီး ပြုံးစိပြုံးစိနှင့်။

" စိတ်လျှော့ပါ ... မင်းက ဦးလေးကိုပစ်ထားတော့ ဦးလေးက လာတွေ့ရတာပေါ့ ငါ့တူလေးကို "

" ခင်ဗျားကို ဒီနေရာမှာတင် မသတ်လိုက်ခင် ကားပေါ်ကနေမြန်မြန်ဆင်းသွားလိုက်၊ ကျုပ်ဘဝနဲ့ကျုပ်နေနေတာကို ဘာဒုက္ခလာပေးမလို့လဲ "

" ငါ့တူလေးကို ဦးလေးအိမ် အလည်ဖိတ်ချင်လို့ တကူးကားပေါ်ထိ လာဖိတ်တာ "

" သေလိုက်လေ "

" ငါ့တူလေးက ခုလိုတွေငြင်းနေတော့လည်း ထွက်သွားပေးပါ့မယ် "

ဦးမိုက်ကယ်က သူ့လည်စေ့ကိုဓားထောက်ထားသော နေဟန်မှိုင်း၏လက်ကို သူ့လက်နှစ်ဖက်နှင့်ဖြည်းဖြည်းချင်း လျှောချလိုက်ပြီးလျှင် ကားတံခါးကိုဖွင့်၍ ထွက်သွား၏။ ကားအပြင်သို့ရောက်ပြီး မတ်တပ်ရပ်လိုက်စဉ်မှာ သူ့တပည့်များက နေဟန်မှိုင်း၏ကားအတွင်းသို့ Anesthesia Gas မေ့ဆေးငွေ့များ တစ်နည်းအားဖြင့် အိပ်ငွေ့များ ပစ်သွင်းလိုက်ကာ ကားတံခါးများကို အပြင်ကနေ သူတို့ကိုယ်ဖြင့်ပိတ်ကာထားသည်။ ကားထဲကနေ နေဟန်မှိုင်း အပြင်သို့ မထွက်လာစေရန်ဖြစ်သည်။

နေဟန်မှိုင်းလည်း ၎င်း Anesthesia Gas ကြောင့် တစ်ကိုယ်လုံးလှုပ်မရဖြစ်ကာ မူးမေ့သွား၏။ ထိုကဲ့သို့ မူးမေ့လဲသွားစဉ် သူ့ကားထဲသို့ ဦးမိုက်ကယ်၏တပည့်တစ်ချို့က ဝင်ရောက်ခဲ့ကြပြီး ကားပါကင်ကနေ မောင်းထွက်ခဲ့ကြသည်။ ဦးမိုက်ကယ်၏ကားကတော့ နောက်ကနေ လိုက်လာခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now