✽ အပိုင်း ၂၆ ✽

Start from the beginning
                                    

" ရှင် "

သိမ်မွေ့စံနွယ်မှာ အံ့အားသင့်သွားသဖြင့် မျက်ခုံးများအပေါ်သို့ တွန့်တက်သွားသည်။ သူမက ဖုန်းစပီကာဖွင့်ပြောနေသောကြောင့် နေဟန်မှိုင်းက ဦးမိုက်ကယ်အသံကို ကြားရသည်။ ထို့ကြောင် သူအလွန်တရာမှ မုန်းတီးစက်ဆုပ်သောဆွေမျိုးဟောင်း၏အသံကိုကြားလျှင်ကြားချင်း ဒေါတကြီး တောက်ခေါက်မိသည်။ သိမ်မွေ့စံနွယ်၏လက်ထဲက ဟန်းဖုန်းကို ယူဖို့ပြင်သည်။

" မွေ့လေး ... ကိုကို့ကို ဖုန်းပေး "

" ဟုတ် ကိုကို "

သိမ်မွေ့စံနွယ်လည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ကိုလက်တုန်ယင်စွာ ဖုန်းပေးလိုက်သည်။

" ခင်ဗျားကြီးက ဘာဖြစ်ချင်နေတာလဲ၊ သေချင်နေပြီလား "

နေဟန်မှိုင်းက လေသံမာမာနှင့်ပြောလိုက်လျှင် ဦးမိုက်ကယ်က ဟားတိုက်လှောင်ရယ်နေသည်။

" ဟားဟားဟား ... တေဇောခရေ ... ဦးလေးက ငါ့တူလေးကို လွမ်းနေလို့ အဆက်အသွယ်လုပ်ချင်ခဲ့တာပါကွာ၊ မင်းက ဟိုတစ်ခါ ငါဖုန်းဆက်ပြီးကတည်းက ဖုန်းနံပါတ်ပြောင်းလိုက်တော့ ဒီဦးလေးက မင်းကိုထပ်ဆက်သွယ်လို့မရတော့ဘူးလေ၊ အဲဒါကြောင့် မင်းရဲ့ကောင်မလေးဆီ ဆက်သွယ်ရတာပါ ... အဟက် ဘာတွေဖြစ်နေတာလဲ တူကြီးရ "

" -ီးကို တူကြီး၊ ကျုပ် ဘဝမှာ ဘာဆွေမျိုးမှမရှိတော့ဘူး၊ အကုန်သေသွားပြီ၊ ခင်ဗျားဘာသာ ဘယ်လိုသေရွာကနေပြန်ရှင်လာသလဲကို ကျုပ်စိတ်မဝင်စားဘူး၊ ခင်ဗျားဘာသာ အေးဆေးနေလိုက်၊ မဟုတ်ရင် ဒီတစ်ခါ ခင်ဗျားသေရွာကနေ ဘယ်တော့မှပြန်ရှင်လာလိမ့်မယ် မထင်နဲ့ "

" ငါက ငါ့ချစ်တူကြီးကို လွမ်းလို့တွေ့ချင်တာ မှားသလား "

" -ီးကို လွမ်း "

" ဟားဟား ... စိတ်လျော့စမ်းပါ၊ အခု မင်း ခရီးရောက်နေတာမလား ... ပြန်လာရင် လက်ဆောင်လေးတွေမျှော်နေမယ် သိလား တေဇောခ "

နေဟန်မှိုင်းလည်း ဘာစကားမှ ထပ်မပြောချင်သည့်အဆုံး ဖုန်းချပစ်လိုက်ပြီး ထိုနံပါတ်ကို blacklist ထဲသို့ ချက်ချင်းထည့်ပစ်လိုက်သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now