Part-8

4 0 0
                                    

သူတို့ဘက်မှ ကောလဟာလကိုမပြန့်စေချင်သလို ဝမ်မိသားစုနှင့် ဝမ်ရိရန်ကို အရှက်မကွဲစေလိုသောကြောင့် ဖြစ်သည်။

ဝမ်ရိရန်သည် ဝမ်မိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး ဝမ်မိသားစု၏ ဂုဏ်သတင်းပင်ဖြစ်သည်။ အကယ်၍ မကောင်းသည့် ကောလဟာလများသာ ပြန့်နှံ့သွားမည်ဆိုလျင် အစုရှယ်ယာနှင့်ပတ်သတ်ပြီး ကြီးမားသည့် အကျိုးဆက်များ ရှိလာနိုင်သည်။

ထို့ကြောင့် ထိုအခြေအနေကိုထိန်းရန် တစ်ချို့သောအကျိုးအမြတ်များကို စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုသို့ဖြင့် ချီကျန်းကျန်း၏ စေ့စပ်ထားသူသည် ဝမ်ရိရန်မှ ဝမ်ယွီအဖြစ်သို့ အနှောင့်အယှက်မရှိဘဲ ချောမွေ့စွာဖြင့် ပြောင်းလဲလိုက်နိုင်သည်။

ရုပ်ဆိုးနေသော ချီယန်မျက်နှာသည်လည်း ပို၍ ကြည့်ကောင်းလာသည်။

ဝမ်ကျင်စန်းသည် ထက်မြက်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယေ ာက်ဖြစ်သည့်အတွက် မည်သို့သောအကျိုးအမြတ်သည် ကိစ္စရပ်များအား ပို၍ချောမွေ့စေသည်ကို ကောင်းစွာနားလည်သည်။

"ရိရန် နဲ့ ကျန်းကျန်း က အတိတ်မှာကျန်ခဲ့ပြီ... အိမ်ပြန်ရောက်မှပဲ ရိရန်ကို သေချာသင်ပေးရမယ်.. ချီယန် မင်းကော အဆင်ပြေတယ်လို့ထင်လား” ဝမ်ကျင်စန်းမေးလိုက်သည်။

ရှုဝေ မျက်နှာသည် ရုပ်ဆိုးလာပြီး အန်းချင်ယုနှင့် ချီကျန်းကျန်းကို အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဒီမိန်းကလေးနှစ်ယောက်နှင့် ပတ်သတ်ပြီး သူမ လုံးဝမကျေနပ်ပေ။ ချီကျန်းကျန်း၏ အတားအဆီးမရှိသောပါးစပ်ကို မကြိုက်သလို အန်းချင်ယု၏ တွက်ချက်တတ်မှုများကိုလည်း သူမ သဘောမကျပေ။

ဝမ်ရိရန်အနေဖြင့် အရင်တုန်းက ဘာပဲလုပ်ခဲ့ပါစေ အဲ့ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် လက်ထပ်ရန် စေ့စပ်ပွဲလုပ်ခဲ့ရုံသာဖြစ်ပြီး ယခုဆိုလျင် စေ့စပ်ပွဲပင် မရှိတော့ပေ။ ထို့ကြောင့်ဝမ်ရိရန်ကို တာဝန်ယူခိုင်းသည်မှာ မမှန်ကန်ပေ။

ထို့အပြင့် ၁ ရာခိုင်နှုန်းအကျိုးအမြတ်သည် ว အသင်တော်ဆုံးလျော်ကြေးဖြစ်သည်။

CP-Free NovelWhere stories live. Discover now