စာစဉ် (၁၆၄)

Start from the beginning
                                    

"စိန်ခေါ်သူက ရှေ့တက်လာပေးပါ။ စွန့်ပစ်ခံကလန်က တူညီတဲ့ ကျင့်ကြံဆင့်ရှိသူကို စေလွှတ်ပေးပါမယ်" စွန့်ပစ်ခံကလန်ဘက်က ပြောသည်။ တန်ခိုးရှင်တစ်ဦး ရှေ့ကို တက်လာသည်။ သူသည် ကောင်းကင်ဒေသမှ အဖွဲ့အစီးတစ်ခု၏ အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက ပြောသည် "ကျုပ်က စွန့်ပစ်ခံကလန်ရဲ့ခွန်အားကို ကြည့်ချင်ပါတယ်"

"ကောင်းပါပြီ" စွန့်ပစ်ခံကလန်ဘက်မှ ပြန်ပြောသည်။ ထို့နောက် စွန့်ပစ်ခံကလန်ဘက်မှ လူကိုးဦးသည် ရှေ့ထွက်လာကာ ကွဲပြားခြားနားသော နေရာများတွင် ရပ်ကြ၏။ တစ်ယောက်စီတိုင်းသည် ရန်ဟောင်အဆင့်ရှစ် ဖြစ်သည်။ သူတို့၏အရှိန်အဝါမှာ ဆင်တူကာ တစ်ယောက်စီတိုင်းသည် အလွန်သန်မာဟန်ရှိသည်။

စွန့်ပစ်ခံကလန်မှ တစ်ယောက်က ပြောသည် "ခင်ဗျားတို့က ကုန်းမြေတစ်ခုစီတိုင်းရဲ့ ထိပ်သီးတွေ ဖြစ်ကြတယ်။ ဒါကြောင့် ကျုပ်တို့ကလည်း တိုက်ပွဲမှာ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ ကျင့်ကြံတဲ့ ဝင်္ကပါတိုက်ကွက်ဟာ ပြင်ပကလူတွေ တိုက်ခိုက်တာကို ခုခံဖို့ အတွက်ဖြစ်တယ်။ လူကိုးယောက်က တပြိုင်နက်တည်း လှုပ်ရှားရတဲ့ နည်းစနစ်ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ကလည်း နောက်ထပ် ကျင့်ကြံဆင့်တူညီတဲ့ လူရှစ်ယောက်ကို ထပ်ပေါင်းထည့်နိုင်တယ်"

သူက ထိုသို့ပြောလိုက်သည်တွင် စွန့်ပစ်ခံကလန်မှ လူကိုးဦးသည် ဝင်္ကပါအစီအစဉ်အတိုင်း နေရာယူလိုက်ကြသည်။ ထိုနေရာတွင် ရပ်နေရင်းဖြင့်ပင် သူတို့သည် ဖြိုဖျက်မရသော ကျောက်ဆောင်များအလား ခံစားရစေသည်။

သည်တိုက်ပွဲတွင် သူတစ်ယောက်တည်းနှင့် မလုံလောက်ပေ။

သူ၏အကြည့်က တခြားသော ထိပ်သီးအင်အားစုများထံသို့ ရောက်သွားကာ အချက်ပြသည်။ ရုတ်တရက် တခြားသော အရပ်များမှ တန်ခိုးရှင်တချို့ ထွက်လာကြသည်။ သူတို့အားလုံးမှာ အဆင့်ရှစ်ရန်ဟောင်များဖြစ်ကြသည်။ ထိုအထဲတွင် တစ်ယောက်ကို ရီဖူရှင်း မှတ်မိ၏။ ထိုသူမှာ တုန်းဟွာကုန်းမြေမှ နင်ဟွာ ဖြစ်သည်။

"ခင်ဗျားတို့သာ အနိုင်ရမယ်ဆိုရင် စိန်ခေါ်သူတွေဟာ စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံနယ်မြေကို ဝင်ခွင့်ရမယ်။ တစ်ဘက်မှာ ခင်ဗျားတို့ ရှုံးရင် တိုက်ပွဲမှာ ခင်ဗျားတို့ သုံးတဲ့ပညာရပ်တွေကို လျို့ဝှက်နယ်မြေမှာ ချန်ထားခဲ့ရယ်။ ခင်ဗျားတို့က စိန်မခေါ်ခင် သေချာပေါက် စဉ်းစားစေချင်တဘ်" စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်က ထပ်သတိပေးသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now