လီဆာ အခုအချိန်ထိလည်း ချယ်ယောင်း ဘာအကြောင်းအရာကို ပြောချင်နေတာလဲဆိုတာ သဘောမပေါက်သေး.....

လီဆာမှာလည်း ညံ့တဲ့အရာတွေများလိုက်တာ....





"လီလီ....."


"ဟင်....."




"လီလီ.....ငါ စိတ်မရှည်တတ်တာ နင်သိတယ်မလား....ဒါကြောင့်လေ ငါ အခု....စည်းတစ်ခုကို ငါ့ဖက်ကပဲ စ ဖောက်ဖို့ ကြိုးစားတော့မှာ...."








ဆူဘင်းနဲ့ ကိစ္စကို ချယ်ယောင်းဟာ လီဆာ့ကို ပြောပြတော့မယ်လို့ ထင်လာပေမယ့် ချယ်ယောင်း အခုပြောနေတဲ့ အကြောင်းအရာတွေနဲ့ ဘယ်လို ဆက်စပ်ရမလဲ လီဆာ မသိ....



"သတ္တိမရှိတဲ့သူနဲ့ မပြတ်သားတဲ့သူ ၂ယောက်မှာ ၂ဖက်လုံးကတော့ ဘယ်သူမှ မှန်မနေဘူး လီလီ...

အဲ့၂ဖက်ထဲက မပြတ်သားတဲ့သူကတော့ ငါပေါ့....

ဒါပေမယ့်လေ.... ပျော်ရွှင်ရမယ့် အခိုက်အတန့်တွေကို ပိုစောပြီး ပိုင်ဆိုင်နိုင်ဖို့ ဘာလို့ အများကြီးစောင့်နေရမှာလဲလို့ တွေးမိတဲ့အချိန်မှာ ငါက ပြတ်သားသွားခဲ့တာ သိလား လီလီ....."




ချယ်ယောင်းဟာ ငယ်ငယ်ကတည်းက အဲ့လို စကားကို လူနားမလည်အောင်ပြောတတ်သေးတာ။


နဂိုကမှ အရိပ်အကဲမသိတဲ့ လီဆာဟာ အခု ချယ်ယောင်းစကားတွေကို လိုက်နိုင်ဖို့ ဦးနှောက်ကို မနည်း အလုပ်ပေးနေရသည်။









"လီလီ.....ငါကလေ...Rosieဆိုတဲ့ နာမည်ကို နင်ခေါ်တာကလွဲ ဘယ်သူခေါ်တာမှ မကြိုက်ဘူးဆိုတာ နင်သိတယ်မလား....."




ဟုတ်ပါတယ်.....Rosieဆိုတဲ့ နာမည်လေးက ၅တန်းတုန်းက လီဆာ ချယ်ယောင်းကို စ ပေးခဲ့တဲ့ nicknameလေး....

ကျောင်းကပွဲမှာ ဂါဝန်ပန်းရောင်ကားကားလေးဝတ်ပြီး နှင်းဆီပန်းအကြီးကြီးတစ်ပွင့်ကို ခေါင်းမှာပန်ထားတဲ့ ချယ်ယောင်းဟာ လီဆာ့မျက်လုံးထဲ တကယ့်ကို လူသားနှင်းဆီလေးနဲ့ တူနေလို့.....



"အင်း....."


"ငါ့ကို ချစ်ရေးဆိုဖူးသမျှကို ငါ ဘယ်လိုအကြောင်းပြပြီး ငြင်းလွှတ်ခဲ့သလဲဆိုတာလည်း နင်သိတယ်မလား...."




How Could We ever Just Be Friends?Where stories live. Discover now