အပိုင်းပို [ ပြန်ဆုံ‌စည်းခြင်းဟာ လှလှပပ ]

376 45 30
                                    

ဒီရင်ခွင်မှာ ကောင်းကင်ပြာလေး ပျောက်နေခဲ့တာသိပ်ကြာပြီ ။
သံစဉ်လေးအဆင်ပြေရဲ့လားလို့များ မေးခဲ့ရင်
သူ့ရဲ့နာရီ မိနစ်တွေတိုင်းမှာ လွမ်းဆွတ်ခြင်းတွေ ကပ်ပါနေတုန်းပါပဲ။
မတီးခတ်ဖြစ်တော့တဲ့ အပြာရောင်ဂစ်တာ‌လေး နဲ့ ပိုင်ရှင်မဲ့တဲ့ စုတ်တံလေးတွေကတော့ သံစဉ်လေးအတွက် အသံတိတ်အဖော်တွေ ဖြစ်ပေးခဲ့ကြသည်။

ပြီးတော့ ခပ်နွမ်းနွမ်း အပြာရောင်စာအုပ်လေးတစ်အုပ်ကတော့ သံစဉ်လေးရဲ့ ညအိပ်ရာဝင်အဖော်အဖြစ်နှင့် ဒီနှစ်တွေမှာ ကောင်းကင်ပြာလေးအစား အတူတူရှိနေပေးခဲ့ပါသည်။

ချစ်ခြင်းတွေဟာ ခွဲခွာရခြင်းတွေနဲ့ မထိုက်တန်လွန်းတဲ့အခါ ကံကြမ္မာရေးဆွဲသူက ပြန်လည်ဆုံစည်းဖို့ရာ အကြောင်းဖန်ပေးချင်ခဲ့သည်။
သို့ဖြစ်၍ ကောင်းကင်ပြာလေးကို သိပ်လှတဲ့ဖူးစာကြိုးနှင့်အတူ သူ၏ သံစဉ်လေးရှိရာသို့ တစ်ဖန် စေလွှတ်လိုက်လေသည် ။
......................................................................

ခပ်သဲ့သဲ့သွေးတဲ့လေပြည်တွေဟာ တစ်စုံတစ်ယောက်ရဲ့ သက်ပြင်းချသံတွေကြားမှာ ဝေ့ဝိုက်လျှက်ရှိသည် ။ ညနေစောင်းအချိန်ဖြစ်တာကြောင့် ဥဒဟိုသွားလာနေကြတဲ့လူတွေဟာ ဒီပန်းခြံထဲမှာ ဟိုတစ်စ ဒီတစ်စပါပဲ။

" ကင်မ်ဒေးဗစ် ဟိုမှာလာပြီ ထ ထ "

ခါးတစ်ဝက်လောက်ရှိသည့် ပန်းပင်တွေကြားမှ အတင်းကုန်းကြုံးထကာ ယိုရှီက သူ့ဘေးက ကောင်လေးကိုပါ ဆွဲထူသည် ။ နှစ်ယောက်သား လှဲနေရာမှာ ထိုင်လိုက်ကာ ယိုရှီလက်ညှိုးညွန်ရာသို့ တစ်သွေမတိမ်း သူ လိုက်ကြည့်မိတော့ အို... ဒီနေ့လဲ မျက်ဝန်းတွေမှာ အဆွေးဓာတ်တွေပါလား...။

ကာကီရောင် ကုတ်အရှည်၏ အိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ကာ ခပ်ငြိမ့်ငြိမ့်ထိုင်နေသူကို ဒီပန်းခြံထဲတွင် ညနေတိုင်း လိုလိုတွေ့နိုင်သည်။မျက်မှန်အကြည်လေးတစ်လက်နှင့် စာအုပ်တစ်အုပ်အမြဲပါတတ်သူဟာ ဒီလမ်းထောင့်ချိုးမှာရှိတဲ့ ပန်းချီပစ္စည်းအရောင်းဆိုင်လေးရဲ့ ပိုင်ရှင်တစ်ဦး။ အသက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဆိုပေမဲ့ မျက်ဝန်းဆွေးတွေနှင့် ဒီလူကို မြင်သူတိုင်းက အသက်နှစ်ဆယ်စွန်းစွန်းအရွယ်ဟု ထင်ကြေးပေးတတ်ကြသည်။ ဖြစ်နိုင်သည်ကား ထိုသူသည် သူ၏အရာအားလုံးကို လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်တွင် ရပ်တန့်ထားခဲ့သောကြောင့် ဖြစ်မည် ။

ကောင်းကင်ပြာပြာ  [ JIKYU ]Where stories live. Discover now