အပိုင်း (၂)

317 50 19
                                    

တက္ကသိုလ် ဒုတိယနှစ်မှာ ကျွန်တော်တို့ အဆောင်တူတူပြောင်းနေခဲ့ကြသည် ။
အခန်းနံပါတ်00 ဆိုတဲ့ အဆောင်ခန်းလေးဟာတက္ကသိုလ်ရဲ့ မနီးမဝေးမှာပါပဲ ။

" ကင်မ်ဂျွန် ဆေးဘူးတွေ လာသိမ်းဦး ငါတိုက်မိလို့ မှောက်ကျကုန်တော့မယ် "

လာသိမ်းဦး လှမ်းပြောနေသူက အမှန်တော့ လက်ကနေ အကုန်သိမ်းနေပြီးပြီ ။ ဟိုတစ်စ ဒီတစ်စနဲ့သူ့အိပ်ယာပေါ်အထိပါ နယ်ချဲ့လာတတ်တဲ့ ဂျွန်ဂယူ ပန်းချီပစ္စည်းတွေကို လိုက်သိမ်းပေးရတာ နေ့စဉ်အလုပ်တစ်ခုလိုပဲ ။

" ဂျီ ဟိုနေ့က ဝယ်ထားတဲ့ စတော်ဘယ်ရီတွေရော ရေခဲသေတ္တာထဲမှာ ငါထည့်ထားတာ မရှိတော့ဘူး"

" စတော်ဘယ်ရီတွေက မနက်က မင်း ကျောင်းမသွားခင် စားတယ်လေ ကုန်ပြီလေ ကင်မ်ဂျွန် "

" အာ ဟုတ်သားပဲ ငါ့မေ့သွားတာ ဟီးဟီး "

" ဂျီ ငါ့ကို ဂီတာတီးသင်ပေးဦး "

မုန့်စားစရာမရှိတော့တဲ့ ကင်မ်ဂျွန်ဟာ အာရုံပြောင်းကာ ဂစ်တာဘက်ကိုလှည့်လာပြန်သည်။

" နောက်နေ့မှ နောက်နေ့မှ "

" မရဘူး ငါဒီနေ့သင်ချင်တာဂျီ မင်းရဲ့‌နောက်နေ့တွေက များနေပြီ "

ဂစ်တာကို မသင်ပေးချင်တာ မဟုတ် ။ ဟိုးတလောက သင်ပေးတုန်းက ဂျွန်ဂယူ လက်ဖဝါး နုနုလေးတွေ ရဲပတောင်းခတ်သွားလို့ အဲ့တည်းက ဂီတာတီးတာကို မသင်ပေးတော့တာ ။
အသေးအဖွဲ့လေးကအစ ထိခိုက်ရင် ပတ်ဂျီဟွန်းမှာ အရူးမီးဝိုင်းလိုပဲ ။ ဒါကို ဒီအဆိုးလေးက ဘယ်တော့မှ နားလည်နိုင်မှာပါလဲ ။

" မင်းလက်တွေ နုနုလေးတွေလေကွာ ပွန်းပဲ့လို့ ပန်းချီမဆွဲနိုင်ရင် ဘယ်လိုလုပ်မလဲ "

" ဂီတာတီးလို့ လက်နာရုံနဲ့ ပုံမဆွဲနိုင်မဖြစ်ပါဘူး ဂျီရာ ငါလဲ ယောက်ျားလေးပါကွ "

" မင်းဘာမှမဖြစ်ပေမဲ့ ငါဖြစ်တယ် မရဘူး "

ယတိပြတ်ဖြတ်ချလိုက်ကာ ငြင်းတော့ ပန်းချီဆရာလေးက သူ့ကိုခြေဆောင့်ပြီး မျက်စောင်းထိုးသွားသည်။ မဆီမဆိုင် ဂျီဟွန်း ခုတင်ထောင့်က ဂီတာကိုလဲ တစ်ချက်ရိုက်သွားသေးသည်။
နားကြပ်ကိုတပ် စောင်ပုံထဲဝင်သွားကာ လုံးလုံးလေး စိတ်ကောက်တော့သည်။

ကောင်းကင်ပြာပြာ  [ JIKYU ]Where stories live. Discover now