Part-1

89 0 2
                                    

‘’ အကို ရိရန် အင်း… ငြင်သာပါဉီး…’’

‘’ဘေဘီ… မင်းလေးက အရမ်းဆွဲဆောင်မှုရှိတာပဲ… ကိုယ်ဘယ်လို ငြင်သာနိုင်တော့မှာလဲ…’’

‘’ ဟူး….’’

ထိုစုံတွဲမှာ နွေဉီးရာသီတွင် အလွန်ပျော်ရွှင်နေလေသည်။

သို့သော်လဲ ထိုအရာများက သူတို့အနီး အိပ်ယာပေါ်တွင် လှဲနေရသည့် ချီကျန်းကျန်းအတွက်တော့ ဘာမှမထူးခြားပေ။

တကယ်တော့ ဒီအချိန်လေးအတွင်းမှာ ထို့အရှက်မရှိသည့်အတွဲ၏ဒရာမာကို ကြားနေရသော်လဲ သူမ နှလုံးသားတွင် မည်သည့်တုန်လှုပ်ခြင်းမှ မရှိသည့်အပြင့် သူမ စိတ်ထဲမှာတော့ လဲကျမတတ် ရယ်ချင်နေမိသည်။

ဒီစိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဒရာမာကို နှစ်ပေါင်းများစွာ သူမ နားထောင်ပြီးသည့်အပြင့် သူမ နှလုံးသားထဲတွင်လဲ မည်သည့်ခံစားချက်မှ မရှိပေ။

ထိုဒရာမာက သိပ်မကြာခင်မှာပင် အဆုံးသတ်သွားသည်။

ချီကျန်းကျန်း ‘ ကျွတ်.. အဲ့ဒါကလဲ အမြဲတမ်းခဏလေးနဲ့ပြီးရတယ်လို့’

အခုတော့ ထိုနှစ်ယောက် စကားစပြောဖို့ အချိန်ကျပြီဖြစ်သည်။

’ အကို ရိရန်… အိုး… ကျွန်မတို့ လုပ်လို့မဖြစ်ဘူးလေ’’ အန်းချင်ယုက အော်ဟစ်လိုက်သည်။

ချီကျန်းကျန်း ‘ညီမလေး… အိပ်ယာထဲမှာလဲ အဲ့လိုပဲပြောခဲ့တာ မဟုတ်လား’

ဝမ်ရိယန် သူမခေါင်းကို အသာကိုင်လိုက်ရင်း နူးညံစွာဖြင့် ‘’ချင်ယု… ကိုယ်သူမကို သဘောမကျဘူး… ကိုယ်မင်းကိုပဲကြိုက်တာ… ချီကျန်းကျန်းတစ်ယောက် အခုလိုအခြေအနေဖြစ်နေတာ အရမ်းကောင်းတာပဲ…ဘယ်သူမှ ကိုယ်တို့ကိုမခွဲနိုင်တော့ဘူး’’

ချီကျန်းကျန်းက စိတ်ထဲမှ မျက်လုံးကိုလှိမ့်လိုက်ရင်း ‘ဒီလိုမျိုးငါ့ကိုထားခဲ့ပေးတာ ကျေးဇူးပါပဲနော်’

အန်းချင်ယုသည် ချောင်းတစ်ချက်ဟန့်လိုက်ရင်း အပြစ်ရှိသောလေသံဖြင့် ‘’ ဒါ…ဒါပေမယ့် အကိုရိရန် က အစ်မ ကျန်းကျန်းနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတုန်းပဲလေ… အစ်မကျန်းကျန်း အခုလိုဖြစ်နေချိန်မှာ ညီမတို့က ဒီလို… ညီ…ညီမ တကယ်ပဲ သူမအတွက် စိတ်မကောင်းဘူး… ညီမတို့ မလုပ်သင့်…’’

CP-Free NovelWhere stories live. Discover now