"ဂျယ်ယွန်းနီး ၊ ဆောင်းဟွန်းနီး အရမ်းကြီးမပြေးနဲ့လေ ၊ မထိခိုက်စေနဲ့နော်"

"ဟုတ်"
"ဟုတ်"

သံပြိုင်ထွက်လာတဲ့အသံစီစီလေးတွေက ရွှင်မြူးနေဟန်။

သစ်ပင်အောက်မှာ စာအုပ်‌ထိုင်ဖတ်နေတဲ့ ဟီဆွန်းကတော့ စာအုပ်ထဲလည်းစိတ်မရောက်နိုင်ပဲ ကလေးနှစ်ယောက်ကိုစိတ်ပူနေရသည်။ သို့ပေမယ့် ချစ်စရာကောင်းတဲ့ကလေးငယ်တွေကြောင့် သူမျက်နှာမှာလည်းအပြုံးများဖြစ်တည်လျက်ရှိသည်။

အသက်၁၀နှစ်မပြည့်သေးချိန်မှာတောင် ကိုယ်ပိုင်အပန်းဖြေစံအိမ်နဲ့ကစားကွင်းများစွာရှိတဲ့ဂျယ်ယွန်းကရွှေမှုန်စားပြီးကြီးပျင်းလာတယ်လို့ တင်စားရတဲ့အထိချမ်းသာသောမိသားစုကတစ်ဦးတည်းသောသားလေးဖြစ်တယ်။

ဂျယ်ယွန်းရဲ့ဖခင်ဖြစ်သူကစီးပွားရေးနယ်ပယ်မှာတင်မဟုတ် နိုင်ငံရေးလောကထဲမှာပါ နေရာတစ်ခုရှိတဲ့အထိအာဏာရှိသူ။

သိုပေမယ့် ဖူးစာပါလေတော့သာမာန်မိသားစုမှသမီးဖြစ်သူဖြစ်သည့် ဂျယ်ယွန်းမိခင်နှင့်စုံမက်ပြီးလက်ထပ်ခဲ့သည်။ဂျယ်ယွန်းမေမေက မိဘမဲ့ကျောင်းမှာစာသင်ခဲ့တာကြောင့် ဂျယ်ယွန်တို့အိမ်မှာအထိမ်းအမှတ်ရက်တွေရှိတိုင်း၊အခါကြီးရက်ကြီးတိုင်း ဂျယ်ယွန်းမေမေသံယောဇဉ်တွယ်ရာဖြစ်တဲ့ ထိုကျောင်းလေးတွင်အလှူလုပ်လေ့ရှိသည်။
ချမ်းသာတဲ့သခင်ငယ်လေးဆိုပေမယ့်ဂျယ်ယွန်းကလေးက သူ့ရဲ့အပြုံးလေးတွေအတိုင်းဖြူစင်တဲ့ကလေးဖြစ်တယ်။မိခင်ဖြစ်သူရဲ့ပျိုးထောင်မှုအောက်မှာ လိမ္မာ‌တဲ့ကလေးလေးဖြစ်တဲ့ဂျယ်ယွန်းက လူကြီးတွေချစ်အောင်လည်းစကားချိုချိုလေးတွေပြောပြီးချွဲတက်သေးသည်။

ဆောင်းဟွန်းကတော့ ထိုကျောင်းမှ မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီးဂျယ်ယွန်းလေးအလွန်တွယ်တာရတဲ့သူငယ်ချင်းပင်။
ဆောင်းဟွန်းကအနေအေးပြီး မျက်နှာကလေးကလည်းချစ်ဖို့ကောင်းတာမို့ ဂေဟာကစစ်စတာများရဲ့အသည်းကျော်ဖြစ်တယ်။

ဉာဏ်ကောင်းသလိုစာလည်းကြိုးစားပြီး ဆက်ဆံရေးလည်းကောင်းမွန်တာမို့ သူငယ်ချင်းတွေကြားမှာလည်းအချစ်ခံလေးပင်။ဂေဟာကိုလာတဲ့လူကြီးတိုင်းနီးပါးဆောင်းဟွန်းကိုမွေးစားချင်ကြပေမယ့် ဘယ်တော့မှခေါ်မသွားဖြစ်ခဲ့။အကြောင်းအရင်းကတော့ ဂျယ်ယွန်းပင်။ ဂျယ်ယွန်းကဆောင်းဟွန်းကိုတွယ်တာလွန်းတာမို့ ဆောင်းဟွန်းနဲ့ဝေးသွားလျှင် ဂျယ်ယွန်းစိတ်ဒါဏ်ရာရမည်ကိုစိုးရိမ်ပြီး စစ်စတာများကမွေးစားခွင့်မပေး။သူတို့လည်းမခွဲနိုင်ပေမယ့် တားခွင့်မရှိတဲ့စစ်စတာများအတွက်တော့ ဂျယ်ယွန်းကိုအကြောင်းပြရတာကိုပင်ကျေးဇူးတင်ရသည်။

Yellow Chrysanthemum Where stories live. Discover now