Chapter 1

111 19 2
                                    

Roto POV ;

မနက်ခင်း အတန်းမစခင် စာသင်ခန်းရဲ့ အခန်းထောင့်လေးမှာ ထိုင်ပြီး လောကကြီးကို ဂရုမစိုက်ပဲ စာလုပ်နေတဲ့ ကျောင်းသားလေးတစ်ယောက်ရှိတယ်။ အများက အခေါ် hyperပေါ့။ စာကလွဲရင် ဘာမှမသိ၊ စိတ်မဝင်စားတဲ့ ကောင်လေးလို့ သတ်မှတ်ခံထားရတဲ့ သူတစ်ယောက်။

"ကလေးတို့ ကလေးတို့ သတင်းထူး

ဝမ်ကျစ်ဟောက်နဲ့ ရှောင်ယွဲ့တို့အဖွဲ့ ခေါင်မိုးထပ်မှာ ရန်ဖြစ်နေကြပြီ"

"ဟေ ဟုတ်လား သွားကြည့်ရအောင်"

တဒုန်းဒုန်းနဲ့ ပြေးတက်သွားတဲ့ ခြေသံတွေအကြား

"အမြဲတမ်း ဖြစ်နေကျကို ဘာထူးဆန်းတာရှိလို့"

ဆိုတဲ့ အသံသေးသေးလေး တစ်သံက ခပ်တိုးတိုးလေး ထိုးထွက်လာတယ်။
ကမ္ဘာကြီးတစ်ခုလုံးက လူတွေ ဇွန်ဘီတွေဖြစ်ကုန်ကြရင်တောင် စာဆက်လုပ်နေနိုင်မယ့်သူက လူဆိုးကောင်လေးရဲ့ရန်ပွဲကိုတော့ စိတ်ဝင်စားသတဲ့။

ဟုတ်ပါတယ် တစ်ကျောင်းလုံးရဲ့ အဆိုးလေးကိုမှ ကြိတ်ပြီးသဘောကျနေတာ သူဆိုတဲ့ အထက်တန်း ဒုတိယနှစ်ရဲ့ စာအတော်ဆုံးကျောင်းသား ဟီရိုတိုရယ်ပါ။

ဝမ်ကျစ်ဟောက်ဆိုတဲ့ ကောင်လေးကို သူကိုယ်တိုင် ချစ်စနိုးနဲ့ နာမည်ပေးထားတာက လူဆိုးကောင်လေး ဟူ၍။

အမြဲတမ်းဖြစ်နေကျလို့ သူကိုယ်တိုင်ပြောခဲ့ပေမယ့် လူဆိုးကောင်လေးကြောင့်ပဲ အပေါ်ထပ်သို့ အခြားကျောင်းသားများနဲ့အတူ ပြေးတက်ရပြန်တယ်။

တတောက်တောက်ပြေးတက်ရင်း ‌အပေါ်ထပ်သို့အရောက် အရင်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ရဲ့ ရင်ဝတည့်တည့်ကို ဆောင့်ကန်လိုက်သလိုပင်။ နာတယ် ဒီရင်ထဲက နာတယ်၊ သူ့ရဲ့ လူဆိုးကောင်လေးကို သူများတွေ ထိုးကြိတ်နေတဲ့ မြင်ကွင်းက အခါတစ်ရာထက်မနည်း မြင်နေရတဲ့ မြင်ကွင်းဆိုပေမယ့် သူ့ရင်ထဲကနာတယ်။

ဝမ်ကျစ်ဟောက်က လူမိုက်ကောင်လေး အစစ်အမှန်ပဲ၊ ရန်ပွဲဖြစ်ရင် တစ်ဖက်လူက ဘယ်သူလဲဆိုတာပဲ မေးရတယ်၊ ဒီဖက်လူကတော့ သူဆို‌တာ သေချာနေတယ်လေ။ ရှောင်ယွဲ့တို့အဖွဲ့ကလည်း ခေသူမဟုတ်။ ကျောင်းမှာဖြစ်တဲ့ ရန်ပွဲ ၁၀ပွဲမှာ ၉ပွဲလောက်က သူတို့အဖွဲ့၊ ဒါပေမယ့် သူတို့က ဝမ်ကျစ်ဟောက်လို ဇတော့မရှိဘူး၊ အဖွဲ့အားကိုးနဲ့ မိုက်တဲ့ လူမိုက်ကောင်တွေပေါ့။

"ကလေးတို့ တော်ကြတော့"

လေသံ ခပ်အေးအေးနဲ့ တလှမ်းချင်းလျှောက်ရင်း ပြောလာသည်က သူတို့ရဲ့ စီနီယာအစ်ကို ဝူမုထီ။ မုထီကောဆိုတာက အထက်တန်း ဒုတိယနှစ်မှာ ရိုတိုက စာအတော်ဆုံးဆိုရင် တတိယနှစ်မှာ မုထီကောက စာအတော်ဆုံး။ စာပဲလားဆိုတော့ မဟုတ်ပါ။ ရိုတိုလို စာကလွဲရင် ဘာမှမသိ၊ စိတ်မဝင်စားတဲ့ ကောင်လေးမဟုတ်ပဲ မုထီကောက ဖော်ရွေတယ်၊ ကူညီတတ်တယ်၊ ရုပ်ကလည်း မင်းသားရှုံးအောင် ချောတာမလို့ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေကြားပါ ရေပန်းစားသူဖြစ်တယ်။

ဆရာ၊ ဆရာမတွေပါ သည်းသည်းလှုပ်ချစ်တဲ့ မုထီကောရဲ့ စကားကို လွန်ဆန်နိုင်တဲ့သူ တစ်ယောက်မှမရှိပါ။ အခုဆိုရင်လည်း မုထီကောရဲ့ စကားတစ်ခွန်းကြောင့် ‌ရှောင်ယွဲ့တို့အဖွဲ့က ချက်ချင်းရပ်လိုက်ကြသလို ရန်ပွဲကလည်း အဆုံးသတ်သွားခဲ့တယ်။

"ရှောင်‌ကျစ် အဆင်ပြေရဲ့လား"

ဝမ်ကျစ်ဟောက်ကို အသံချိုချိုလေးနဲ့ မေးလာသည်က မုထီကော။ ရိုတို့ရင်ထဲ ထိတ်ကနဲ၊ တလောကလုံးက လူတွေနဲ့ ယှဉ်နိုင်တဲ့ ယုံကြည်ချက်သူ့မှာရှိပေမယ့် အရာရာပြီးပြည့်စုံနေတဲ့ မုထီကောနဲ့တော့ သူမယှဉ်နိုင်ပါ။

သူ့ရဲ့ လူဆိုးကောင်လေးကတော့ အမြဲတမ်း မမျှော်လင့်ထားတာတွေပဲ လုပ်တတ်တဲ့ ကောင်လေး။ အခုလည်း မုထီကောကို တစ်ချက်ပင်မကြည့်ပဲ အောက်ထပ်သို့ ပြန်ဆင်းသွားပြန်တယ်။ တကယ် ထူးဆန်းတဲ့ကောင်လေးပဲ။

______________

ရေးထားတာ အဆင်ပြေရဲ့လားတော့ မသိဘူး 🥺
Short story လေးပဲမလို့ အပိုင်းတော့ သိပ်မရှည်ပါဘူး။ ‌ဖြည်းဖြည်းချင်း ပုံမှန် updatပေးသွားပါမယ် 🤍

Beautiful《Wang Zihao x Hiroto》Where stories live. Discover now