1
အသက် ၄၀ အရွယ် အမျိုးသားတဦး စရင်းစာအုပ်တေကြားထဲမှာ မျက်နှာအပ်၍
စရင်းဇယားများကို အမှားရှိမရှိ သေသေချာချာစစ်ဆေးနေစဉ်။"ဂျွန်ဂျောင်ကုရေ ဂျွန်ဂျောင်ကု...
ကြားရာအရပ်ကနေအမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပီး အမြန်လာခဲ့ပါဟ.."ထယ်ယောင်းတယောက် အရေးကြီးသုတ်ပြာနဲ့ ဂျောင်ကုရဲ့ စရင်းစစ်နေတဲ့အခန်းဆီသို့ အမောတကော ပြေးလာခဲ့လေသည်။
"ဘာလိုဖြစ်လို့ အတင်းနင်းကန်းပြီ ကျတော်
နာမည်ကို အရေးကြီးသုတ်ပြာနဲ့ အော်ခေါ်နေရတာလဲ""ဒုက္ခ ဒုက္ခတော့ ရောက်နေပြီ လာ လိုက်ခဲ့.."
ထယ်ယောင်း စရင်းစစ်နေတဲ့ဂျောင်ကုရဲ့
လက်တဖက်ကိုအတင်းဆွဲ၍ခေါ်နေလေသည်။"ဘာလဲ ဘယ်ကုလားသိုက် ကျားဝင်ဆွဲလို့
အတင်းပြေးလာရတာလဲ..""ကုလားသိုက် ကျားဝင်ဆွဲတာကမှ
သက်သာအုံးမယ် အခုက မင်းကလေးတေ
""ဘာလဲ ဘာဖြစ်တာလဲ ကျတော်ကလေးတေက ဘာဖြစ်လို့လဲ.."
ဂျောင်ကု သူရဲ့ကလေးတေလဲ ကြားရရော
မျက်လုံးမျက်ဆံပြူးလျှက်။"လာပါ အကိုလေးရယ် လမ်းမှရှင်းပြပါမယ်
အခုလိုက်သာလိုက်ခဲ့ပါ"ဒီလိုနဲ့ ရွာလမ်းမအတိုင်း ထယ်ယောင်းဆွဲခေါ်ရာနောက်သို့ တရွတ်တိုက် လိုက်လာခဲ့လေ၏။
"ဟေ့ကောင် ဂျောင်ဝန် မင်းငါရဲ့ကလေးတေကို ဘာကိစ္စထိပ်တုံးခတ်ထားတာလဲ."
ဂျောင်ကု ထယ်ယောင်းဆွဲခေါ်ရာနောက်သို့
လိုက်ခဲ့စဉ် မြင်လိုက်ရသည့်မြင်ကွင်းက
သူရင်ကို ဓားနဲ့အစိမ်းလိုက်ခွဲနေသလို။
သူရဲ့အသည်းအမြစ်လေးတေမှာ ဆံပင်ဘုတ်သိုက် အကျီဖရိုဖရဲ ဖြူနေတဲ့ အကျီလေးတေက မဲမဲမှောင်မှောင် ခြေထောက်သေးသေး
လေးတေထပ်ဆီမှာ ထိပ်တုံးခတ်ထားလျှက်။"မင်းသိချင် မင်းလင်မေးလိုက်"
ဂျောင်ဝန် ဂျောင်ကုစကားကို ခပ်ရွဲ့ရွဲ့ဖြေလိုက်လေသည်။