''ဟုတ်တယ် ဒယ်ဒီပိုင်..ဖေဖေလွန်းကကတိမတည်ဘူး။''

''ရှူး...စစ်လွန်းပိုင်နဲ့စစ်လွန်းနိုင် စကားကိုအကျယ်ကြီးမပြောရဘူးလို့ ဒယ်ဒီမသင်ပေးထားဘူးလား။သားတို့ရဲ့ဖေကြီးက
မနေ့ကရေချိုးမှားပြီးနေမကောင်းဖြစ်နေတာ ဆေးသောက်ပြီးအနားယူနေလို့မဆူရဘူး။''

''ဟုတ်ကဲ့ဒယ်ဒီပိုင်..''

''ဒီနေ့မင်းတို့ဦးငယ်ဆီမသွားကြဘူးလား။
အိမ်မှာပဲအလိမ္မာတုံးလေးတွေလုပ်နေကြတယ်ပေါ့။''

''ဟီး..ဟီး ဒယ်ဒီပိုင် ဖေဖေလွန်းကိုဆေးသေချာတိုက်ပေးပါ သားတို့ဦးငယ်သုတဆီ လစ်တော့မယ်။''

''ညနေမိုးမချုပ်စေနဲ့နော်သားတို့။''

''ဟုတ်ကဲ့ဒယ်ဒီ.. ဒါဆိုရင် သားတို့သွားပြီနော်။''

''အေးအေး...''

.
.
.
ကော်ဖီခွက်တွေကိုနေရာတကျစီ၍ထားနေသည့်ကောင်လေးရဲ့ခါးကို အနောက်မှနေ၍ဖက်ထားသည့် မြင်ကွင်းအား မျက်စောင်းခဲကာကြည့်နေသူနှစ်ယောက်ကြောင့် သုတမှာခပ်ပြုံးပြုံးလေးဖြစ်နေသည်။

''ကိုကို..ကလေးတွေရှိနေတယ်လေ အနေအထိုင်ဆင်ခြင်စမ်းပါ။''

''ကလေးကလဲကွာ လူရှင်းတုန်းလေးအနားကပ်ရတာကို အပြစ်တင်နေပြန်ပြီ။''

''တူလေးတွေရဲ့မျက်နှာရိပ်ကိုလည်းပြန်ကြည့်ပါဦးကိုကို ဟိုမှာသတ်တော့မယ်။အကြည့်တွေက သေနတ်သာဆိုရင် ကိုကိုတော့
ဇကာပေါက်ဖြစ်နေရော့မယ်။''

အဲ့ဒီတော့မှ ကောင်တာအနီးကခုံဘေးမှာ
သူ့အားမျက်စောင်းများချီကာကြည့်နေသည့် စစ်ညီအကိုနှစ်ယောက်ကြောင့် မဟူရာမှာသုတအားဖက်ထားသည်ကိုမလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ရတော့သည်။

''သာသနာဖျက်လေးတွေ မာန်နတ်ပဲအဖျက်နတ်လို့ထင်ထားတာ သူတို့စစ်ညီအကိုကမာန်နတ်ထက်
ပိုတောင်မှဆိုးနေသေး။''

''ကိုကို ကြားသွားပါဦးမယ် ကလေးတွေစိတ်မကောင်းအောင်လုပ်မလို့လား။''

''ကလေးကလဲ..''

''သွားစားစရာသွားဝယ်ပေးဦး ကလေးလည်းဗိုက်ဆာနေပြီ ကိုကို''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now