သူတို့ခန္ဓာကိုယ်နှစ်ခုကြားမှာ လစ်ဟာချင်းမရှိပါ

lisaအနမ်းတွေကိုရပ်လိုက်ပြီး jennieနဲ့နဖူးချင်းတိုက်ထားပြီးသူမရဲ့နှုတ်ခမ်းကိုလက်မနဲ့ပွတ်သပ်နေမိတယ်jennieအသက်ကို မှန်အောင်ရှူနေရတယ်

"ကိုယ့်ကိုခွင့်ပြုပေးမယ်မလားဟင်"lisaသူမရဲ့နှုတ်ခမ်းကိုပွတ်သပ်ပေးပြီးပြောလိုက်တော့ သူမက သူ့ကိုဖြည်းဖြည်းချင်းကြည့်လာတယ်

jennie ဘာမှမဆက်ပြောတော့တဲ့ lisaခေါင်းကိုဖြည်းဖြည်းချင်းပွတ်သပ်ကာ ရပ်ထားတဲ့အနမ်းတွေကိုပြန်လည်ပုံဖော်စေတယ်

သူမခွင့်ပြုလိုက်ပြီဘဲ

lisaလည်းသူ့အကျီကိုဖြည်းဖြည်းချင်းချွတ်လိုက်တော့ သူမနမ်းနေတာကိုရပ်လိုက်တယ်

တကယ်တော့ lisaရဲ့ရင်ဘတ်ကအနာတွေကိုသူမ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်နေတယ်သူမရဲ့လက်ချောင်းလေးက lisaရဲ့ဘယ်ဘက်ရင်ဘတ်ကသူမကိုယ်တိုင်လုပ်ထားတဲ့အနာကို ဖြည်းဖြည်းချင်းတို့ထိနေတယ်

''နာလား''jennie အသံတိုးညင်းစွာနဲ့မေးလိုက်တယ်

''ဟင်''lisa

''နာလားလို့ "jennie

''အပြင်ကမနာဘူးအထဲကနာကျင်တာ"lisa

lisaအမှန်တိုင်းပြောလိုက်ခြင်းပါ

jennie သူ့ကိုလည်ပင်းကနေဆွဲဖက်ကာ သူ့ရဲ့ ပုခုံးပေါ်မှာသူမခေါင်းကိုတင်ထားတယ်

lisaလည်ပင်းဘက်ကိုမျက်နှာမူထားတော့သူမအသက်တစ်ခါရှူတိုင်းသူ့ရဲ့လည်ပင်းကိုအာငွေ့လေးတွေပေးတယ်

"လွမ်းးးတ.်.ယ် မာမီကို "jennie

သူမငိုနေပါပြီ သူလည်းသူ့ပေါင်ပေါ်မှာထိုင်ကာ ရှိုက်ကြီးတငယ်ငိုနေတဲ့ သူမ ရဲ့နောက်ကျောကိုတဖြည်းဖြည်းချင်းပုတ်ပေးနေမိတယ်

banသိပါတယ် သူမမူးရင်ဝမ်းနည်းတဲ့ကိစ္စတွေကိုပြောလေ့ရှိတယ်ဆိုတာ
ဒီလိုကျတော့လည်းအရင်ကJennie kimပါဘဲ

''ငါဒီနှစ်တွေမှာသိပ်ကိုပင်ပန်းနေခဲ့တာlisaaa yaaa''jennie

တရှုံရှုံငိုနေရင်းlisaရဲ့လည်ပင်းကိုတင်းကြပ်ကြပ်ဖက်ကာ ပြောနေသည်

Heavy HeartOpowieści tętniące życiem. Odkryj je teraz