အပိုင်း(26)

Beginne am Anfang
                                    

မဖိတ်ခေါ်ပဲကျလာသည့် မျက်ရည်တွေကို လဲ သူသိပ်မုန်းပါသည်။ ခေါင်းကလဲ အရမ်းကိုက်နေတာမို့ သူအမြန်အိပ်ပျော်ဖို့သာ ကြိုးစားချင်သည်။ထာဝရ အိပ်ပျော်သွားလျှင် ပိုကောင်းပါမည်။

တေဇတို့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ သူပြောငါပြောနဲ့ တိုင်ပတါနေကြသည်။  မပြောလို့ကလဲ မဖြစ် ပြောမှရမည် အခြေနေ။ သူတို့အားလုံးအကြပ်ရိုက်နေရသည်။

သက်မင်းပိုင် ဘက်က လက်ခံနိုင်ဖို့ကိုလဲသူတို့အားလုံး မျှော်လင့်ထားကြသည်။  လက်မခံလို့လဲမရတော့ဖြစ်တည်လာခဲ့ပြီလေ။

"ညီ.... သက်ပိုင်"

သက်ပိုင် မျက်လုံးလေးကိုဖွင့်ကာ ကြည့်လာသည်။ဘာစကားမှတော့မဆို ။ သူတို့ပြောမည့်စကားကို
စောင့်နေသည့်ပုံ တေဇ လဲ သက်ပြင်းကိုချလိုက်ကာ အစချီ၍ ပြောလိုက်တော့သည်။

"ဟို.... ညီမှာ ကိုယ်ဝန်ရှိနေပြီ"

"ဗျာ! !!!!"

ကိုတေဇ စကားကြောင့် သက်ပိုင် ခေါင်းတစ်ခုလုံး ချာချာလည်သကဲ့သို့ဖြစ်သွားတော့သည်။

"ဟုတ်တယ် ညီ လေးပတ်ကျော်နေပြီ။ ညီသတိမထားမိခဲ့တာဖြစ်မယ်။ အခုအဲ့အတွက်ကြောင့်ရော  လောလောဆယ် ဆေးရုံမှာ ဆယ်ရက်တစ်ပတ် နေရအုံးမယ်။ အစ်ကိုနဲ့ မှိုင်း လဲရှိနေပေးမှာပါ .... ရှိန်း လဲ မကြာမကြာ လာမှာမို့ အားငယ်စရာမလိုဘူး"

"ဖျက်ချပေးပါ ကို​တေဇ
ကျွန်တော်မလိုချင်ဘူး !!!"

"ဟာ!!! "

"ဘယ်လို!!"

"ချာတိတ်!!! အဓိပ္ပါယ်  မရှိတဲ့စကားတွေကို မပြောနဲ့ ကိုယ်မကြိုက်ဘူး။ ညီတို့ဘာဖြစ်ခဲ့ကြလဲ ကိုယ်မသိသလို စိတ်လဲမဝင်စားဘူး ။ ဒါပေမယ့် လောကကြီးထဲကိုရောက်မလာသေး တဲ့ကလေးကို မြေစာပင်အဖြစ်ခံပြီးဘာမှ လုပ်ခွင့်မပြုနိုင်ဘူး ညီ "

"ကျွန်တော် သူနဲ့ရတဲ့ ကိုယ်ဝန်ကိုလုံးဝ မလိုချင်ဘူး ကိုကြီး"

"ဒါပေ့မယ့်  မင်းရဲ့သွေးသားပါညီ မွန်မြတ်လှတဲ့မိခင်ဘဝကို ပိုင်ဆိုင်ချင်တဲ့သူတွေအများကြီးပါ။ ဒီကြားထဲကမှ ငါညီလေးကကံကောင်းစွာ ကိုယ်တိုင်မွေးထုတ်ခွင့်ရမယ့် ဖခင်ဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါညီ..."

"အငြိုးတွေသာပြယ်စေသား"(Complete) Wo Geschichten leben. Entdecke jetzt