အပိုင်း(၅၅) လုပ်ကြံသူအတန်းအတွက်တာ၀န်

Start from the beginning
                                    

"အလုပ်က အဲ့လောက်မရိုးရှင်းဘူး" လောင်ယန်က သူ့အစ်ကိုကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။ "ငါတို့ အပေါ်ထပ်တက်ရမှာလား"

"သွားတော့။"
နှစ်ယောက်သား လှေကားဆီသို့ လျှောက်သွားကာ ဒုတိယထပ်သို့ တက်ခဲ့ကြသည်။ သူတို့ရောက်သွားတော့ အခန်းဆယ်ခန်းကို စက်ဝိုင်းပုံသဏ္ဍာန်နဲ့ တန်းစီနေတာတွေ့သည်။ အဲဒီမှာ သူတို့နှစ်ယောက်ကလွဲလို့ ဘယ်သူမှမရှိ ပေ။ တံခါးတစ်ခုစီ၏အပေါ်တွင် အတန်းရှစ်တန်း၏အမည်များအပြင် အခြားအထူးအတန်းနှစ်ခုကိုလည်း ရေးထားသည်။ လုပ်ကြံသူ အတန်းအတွက် သတ်မှတ်ထားသော အခန်းသည် ဘယ်ဘက်တွင် တတိယတံခါးဖြစ်ပြီး သေနတ်သမလား အတွက် အခန်းသည် ညာဘက်တွင် ဒုတိယအခန်းဖြစ်သည်။

လောင်ယန်သည် လောင်ဂျင် ကို ကြည့်လိုက်သည်။ "အားဂျင် ကံကောင်းပါစေ!"

လောင်ဂျင်သာ ဟစ်အော်လိုက်သည်။ "ဘယ်သူက ကံတရားလိုလဲ" သို့သော် သူသည် သေနတ်သမား အခန်းဆီသို့ လှည့်ကြည့်လိုက်သောအခါတွင်တော့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းများကို ဖြတ်ကျော်သွားသည်။

လောင်ယန် က ကူကယ်ရာမဲ့ ပြုံးရုံသာ ပြုံးလိုက်ပြီး သူလည်း လုပ်ကြံသူ အခန်းဆီသို့ လျှောက်သွားသည်။ သူက တံခါးဖွင့်ပြီး ဝင်သွားသည်။ အထဲမှာ အနက်ရောင် ၀တ်ထားတဲ့ NPC အထီးတစ်ကောင်ကို တွေ့လိုက်သည်။ ထောင့်မှာ တိတ်တိတ်လေး ရပ်နေသည်။ သူ့တည်ရှိမှုက အရေးမပါသလောက်ပါပင်။ အကယ်၍များ ဒီအခန်းထဲမှာ လူတွေအများကြီးရှိရင် သူသတိမထားမိမှာ သေချာပါသည်။ သူ့ခေါင်းထိပ်တွင်" မာစတာလုပ်ကြံသူ" ဟူသော စကားလုံးရှိသည်။

"လူသတ်သမားဖြစ်ဖို့ လျှောက်ထားဖို့ ငါဒီကိုရောက်နေတာပါ" လောင်ယန်စတင်ပြောလိုက်သည်။

မာစတာ သည် မျက်လုံးဖွင့်၍ သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းများကို လက် ဖျောက်တီးလိုက်ပြီး လောင်ာန် ရှေ့မှာ မျက်နှာပြင်တစ်ခု ပေါ်လာသည်။ ၎င်း၏အလယ်တွင် တာ၀န်ရွေးချယ်ရန် ခလုတ်တစ်ခုပါရှိသည်။ "သင်လုပ်ရမည့်တာဝန်ကိုသိရန် ခလုတ်ကိုနှိပ်ပါ။"

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now