အပိုင်း(၅၅) လုပ်ကြံသူအတန်းအတွက်တာ၀န်

Start from the beginning
                                    

ချန်ဂျီယွမ် သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံမှု များများစားစားမရှိသော အမျိုးအစားဖြစ်သည်မှာ ထင်ရှားသည်။ သူများတွေ သူ့ဆီ မချဉ်းကပ်ချင်တာကြောင့် မဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အနေနဲ့ လူတော်တော်များများက လိုချင်ကြပေမယ့် သူကိုယ်တိုင်က တခြားသူတွေနဲ့ မဆက်ဆံချင်တာကြောင့်ပါ။ သူ့စိတ်နေစိတ်ထားတစ်ခုတည်းကြောင့်သာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တွေ့ဖူးသူအတွက် ရှုတ်ထွေးသော အတွေးမျိုးရှိမည်မှာ သေချာပါသည်။ အဲဒါအတွက် သူက အရမ်းအေးသည်။

လောင်ယန်သည် သူ၏ရုပ်ရည်ကို အလွန်ယုံကြည်မှုရှိသော်လည်း၊ သူတွေ့ဖူးသမျှလူတိုင်းသည် ထိုကိစ္စရပ်တွင် သူ့ကို သဘောကျလိမ့်မည်ဟု တွေးထင်ထားလောက်အောင် အတ္တကြီးမည်မဟုတ်ပေ။ အထူးသဖြင့် ချန်ဂျီယွမ် ကဲ့သို့ မျက်နှာအကြောသေ နေသည့်လူမျိုးဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုအတွေးများကို ချန်ထားခဲ့ကာ အတန်းဗျူရို၏ ပထမထပ်ကို လှမ်းကြည့်လိုက်သည်။ ဧည့်ကြိုအဖြစ် ဆောင်ရွက်နေသော အမျိုးသမီး NPC သုံး ယောက်ရှိသည်။ သာမန်ရုံးဧည့်ခန်းတစ်ခုလိုပါပင်။ အလယ်မှာ လွင့်မျောနေတဲ့ မျက်နှာပြင်ကြီးတစ်ခုပဲ ရှိတော့သည်။ အတန်းလျှောက်ထားပုံအသေးစိတ်အား ဤနေရာတွင် ရှင်းလင်းစွာရေးသားထားပါသည်။

အဆင့် 1- ကျေးဇူးပြု၍ ဒုတိယထပ်သို့သွား၍ သင်လျှောက်ထားလိုသောအတန်းအတွက် သတ်မှတ်ထားသောအခန်းသို့သွားပါ။

အဆင့် 2- သတ်မှတ်ထားသောအခန်းအတွင်းတွင် သင်ရွေးချယ်ထားသော အတန်းပိုင်တစ်ဉီးသည် သင့်အား စောင့်ဆိုင်းနေမည်ဖြစ်ပါသည်။ သူတို့ပေးရမယ့်တာဝန်ကို လက်ခံပါ။

အဆင့် 3- သခင်၏လိုအပ်ချက်များနှင့်အညီ လုပ်ငန်းတာဝန်ကို အောင်မြင်စွာပြီးမြောက်ပြီး သင့်လျှောက်လွှာကို ၎င်းတို့က သဘောတူလက်ခံမည်ဖြစ်သည်။

၎င်းသည် ကွန်ပြူတာ ဗားရှင်းနှင့်နီးပါးတူညီသောကြောင့် လောင်ယန် သည် အံ့သြခြင်းမရှိပါ။

"ဒီလောက်ရိုးရှင်းလား?" လောင်ဂျင်သည် ရေပေါ်မျက်နှာပြင်ကြီးကို မော့ကြည့်ရင်း မှတ်ချက်ပေးသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now