အပိုင်း(၅၂) မိုက်မဲသည့်ယုန်ကလေးကိုမိပြီ

Start from the beginning
                                    

ဂျီယွမ်သည် အပြင်းအထန် ကစားသော တစ်ဦးတည်းသော ၊ ကျန်သူများမှာ အပျော်ကစားခြင်းသာ ဖြစ်သည်။ ဒါကြောင့် ကပ္ပတိန်ဘွဲ့ကို သူ့အား တိုက်ရိုက်ပေးခဲ့သည်။ ပြိုင်ပွဲစတင်ချိန်တွင် ဘိုင်ဇီ သည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ဂျီယွမ် ၏ခေါင်းဆောင်မှုဖြင့် ချန်ပီယံဆုရရှိမည်ကို မည်သူသိသနည်း။

သူတို့ငါးယောက်ဟာ အဲဒီကာလမှာ တကယ်ကို ရင်းနှီးခဲ့ကြသည်။ ဂျီယွမ်က မကြိုက်ရင်တောင်မှ ကျန်တဲ့ သုံးယောက်ကို သူငယ်ချင်းအဖြစ် မှတ်ယူထားတာကို သူသိသည်။ ထို့ကြောင့် အခြားကစားသမားများက ၎င်းတို့အား 'ကျဆုံးချန်ပီယံများ' ဟုရည်ညွှန်းသောအခါတွင် ဘိုင်ဇီသည် အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ဘာလို့လဲဆိုတော့ သူတို့က သူ့ကို လှောင်ပြောင် ရုံသာမက သူ့သူငယ်ချင်းတွေပင်ဖြစ်သည်။ ဝမ်းနည်းစရာကောင်းတာက ကျန်တဲ့လေးယောက်က သိပ်ဂရုမစိုက်ကြပေ။

သူ ခန်းမဆောင်ထဲဝင်သွားသောအခါတွင် ဘိုင်ဇီ သည် အထဲမှာ ထိုင်နေသော ဂျီယွမ် ကိုတွေ့လိုက်ရသောအခါ အနည်းငယ် လန့်သွားသည်။ သူသည် လူသားမျိုးနွယ်၏ alt အကောင့်ကို အသုံးပြုနေဆဲဖြစ်သည်။ ဘိုင်ဇီ က ဆက်လျှောက်လာပြီး ဆန့်ကျင်ဘက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"ဂျီယွမ် မင်းဘာလို့ မင်းရဲ့ alt အကောင့်ကို သုံးနေတာလဲ" သူကမေးသည်။

"ငါ့အစစ်ကို သုံးရတာ အဆင်မပြေဘူး"

ချန်ဂျီယွမ် က သာမာန် အေးစက်စက် အသံဖြင့် ပြန်ပြောသည် ။

ထိုအဖြေကိုကြားတော့ ဂျီယွမ် သည် မနေ့က အော့ဒေလ်း မြို့သို့သွားသည်ကို ရုတ်တရက် သတိရမိသည်။ "မင်းရဲ့ အော့ဒေလ်းကို သွားမယ့် ခရီးစဉ်နဲ့ ပတ်သက်မှု ရှိပါသလား။" ဂျီယွမ် ခေါင်းညိတ်လိုက်သည်။

"မင်း ဟိုမှာ ဘာလုပ်နေတာလဲ"

"ငါတစ်ယောက်ယောက်ကို ရှာနေတာ။"

ယခုတွင် ဘိုင်ဇီ သည် ဂျီယွမ် ၏ alt အကောင့်ကို အဘယ်ကြောင့် အသုံးပြုရကြောင်း နားလည်လာသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now