"ကောင်းပြီ" ခဲယ်လ်တစ်က ပိုင်မုပြောတာကို အမြဲနာခံတယ်။

"ဒါဆို မနက်ဖြန် စောစောထွက်ရအောင် အရေးပေါ်အခြေအနေအတွက် နေရာလွတ်ထဲမှာ  ကျောက်မီးသွေးနည်းနည်းလောက် ပြင်ဆင်ထားချင်တယ်"

"ကောင်းပြီ မင်းသဘောပါပဲ"

"အင်း၊ ကျွန်တော် မေ့လုနီးပါးဖြစ်နေတာ တစ်ခုရှိတယ် ကျွန်တော်တို့ပြာပင်တွေ ရှာရမယ် ဆောင်းရာသီမှာ ဂူထဲကအလင်းရောင်က သိပ်မကောင်းဘူး ကျွန်တော်တို့ဖယောင်းတိုင်တွေ လုပ်ရမယ်"  ဆောင်းရာသီကျရင် ဂူထဲက တံခါးကို လုံး၀မဖွင့်ဘူးဆိုပြီး သူ့ဘာသာသူတွေးနေတယ်။ ဒါကြောင့် ဂူထဲမှာ အလင်းရောင် သိပ်ရှိမှာမဟုတ်ဘူးလေ၊ဒါကို သူ သေချာပေါက်လက်မခံနိုင်ဘူး။ အခုတော့ သူပြာပင်ကို ရှာတွေ့နိုင်ပါစေလို့ပဲ ဆုတောင်းနိုင်တော့တယ်။ မဟုတ်ရင် သူ မီးတုတ်နဲ့တူတဲ့ဟာကိုပဲ လုပ်ဖို့ စဉ်းစားရတော့မယ် ။

"ကောင်းပြီ" သူ့ကိုအလုပ်ကြိုးစားခိုင်းနေတဲ့ ပိုင်မုကို ခဲယ်လ်တစ်က မျက်စိလေးမှေးကြည့်တယ်။

"ခင်ဗျား အပြာရောင်သစ်သားနဲ့အစိမ်းရောင်စပျစ်နွယ်ပင်တွေ ထပ်ပြင်ဆင်ပေးဖို့လည်း လိုတယ် ဆောင်းရာသီမှာ ခင်ဗျားဘာမှလုပ်စရာမရှိရင် ထူးခြားတာလေးတွေလုပ်ဖို့အတွက် ဒါတွေကိုအသုံးပြုဖို့  ခင်ဗျားစဉ်းစားလို့ရတာပေါ့" မဟုတ်ရင် ဆောင်းတွင်းတတွင်းလုံး  စားပြီး အိပ်နေရတာ ပျင်းစရာကောင်းနေလိမ့်မယ်။

"ကောင်းပြီ" ခဲယ်လ်တစ်က လုံးဝကို သံယောင်လိုက်နေတဲ့ပိုးကောင်လေးဖြစ်လာတယ်။

နောက်တစ်နေ့မှာ ခဲယ်လ်တစ်နဲ့ပိုင်မုက *ကိုယ်လက်ဆေးကြော(tianmengliang)ပြီးနောက်  အိမ်က ထွက်လာခဲ့ကြတယ်။သူတို့နှစ်ယောက်က နေရာလွတ်ထဲကို ကျောက်မီးသွေးအမြောက်အမြားတင်ဆောင်ပြီးနောက် ပိုင်မုပြောတဲ့ပြာပင်ကို သွားရှာခဲ့ကြတယ်။(T/N-ကျုံးကော်စကားမတတ်တော့ တိုင်တွေပတ်တယ် ၊ ဆိုလိုတာကို ရှာလို့မရဘူး ၊ သိရင် ပြောသွားကြပါဦး အခုက ဆီလျော်တာလေး ဘာသာပြန်ပေးထားတာ)

ခဲယ်လ်တစ်က ပိုင်မုနဲ့အတူ တောအုပ်ပေါ်ကနေ နိမ့်နိမ့်လေးပျံသန်းနေပြီး ပိုင်မုက မြေပြင်ပေါ်မှာရှိတဲ့ သစ်ပင်တွေကို စိုက်ကြည့်ခဲ့ပေမယ့် ပြာပင်နဲ့တူတဲ့ ဘယ်သစ်ပင်ကိုမှ သူမတွေ့ခဲ့ဘူး ။ တစ်မနက်လုံးပျံသန်းပြီးနောက် ရှာမတွေ့ခဲ့တာ  နှမြောစရာပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now