"ခဲယ်လ်တစ် ကျွန်တော်တို့ ဆောင်းရာသီအတွက် စားစရာတွေအရမ်းအများကြီးပြင်ဆင်ထားတယ်လို့ ခင်ဗျားထင်လား" သူတို့အလုပ်ပြီးတဲ့နောက် နှစ်ယောက်သားက အနားယူဖို့ ဧည့်ခန်းထဲမှာ ထိုင်နေကြတယ်။

"ကိုယ်တို့က မိသားစုလိုက်စားကြပေမယ့် ဂူထဲမှာလုံလုံလောက်လောက်ရှိနေပါပြီ" ခဲယ်လ်တစ်က ပြုံးလိုက်ပြီး ပိုင်မုရဲ့ နူးညံ့တဲ့ဆံပင်တွေကို ပွတ်သပ်လိုက်တယ်။ သူစရောက်လာတဲ့အချိန်တုန်းက ဆံပင်တိုပေမယ့် အခုက ပို,ပိုရှည်လာပြီး တိရိစ္ဆာန်အရွတ်တွေနဲ့ ချည်ထားရတယ်။

"ဒါပေမယ့် ဘာလို့ မလုံလောက် သေးဘူးလို့ အမြဲခံစားရတာလဲ" ပိုင်မုက မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့ *ဟမ်းစတားsyndromeက ဒီနေရာက လူတွေထက် ပိုပြင်းထန်နေတာများလား။(T/N-သိတယ်မလား ဟမ်းစတားလေးတွေက အမြဲသူတို့ပါးလေးတွေထဲ အစာစုနေတာလေ အစာမစုပဲနေတာတခါမှမရှိဘူး လျော့တယ်ခံစားရရင်ကို ထပ်,ထပ်စုနေတော့တာ)

"အဆင်ပြေပါတယ် မလုံလောက်ဘူးထင်လို့လား ဒါဆိုမနက်ဖြန် ကိုယ်အပြင်ထွက်ပြီး သားကောင်နည်းနည်းဖမ်းပြီးရင် သိုလှောင်ခန်းထဲမှာ ထည့်ထားလိုက်မယ်"

"သိုလှောင်ခန်းက ထပ်ထည့်လို့မရတော့ဘူး" ပိုင်မုကသက်ပြင်းချလိုက်တယ်။ သိုလှောင်ခန်းက ဘာလို့ ပိုကြီးတာလေးမဖြစ်ရတာလဲ။

"ကိစ္စမရှိပါဘူး သိုလှောင်ခန်းခေါင်မိုးပေါ်မှာ သားကောင်ကို ကိုယ်တို့ချိတ်ထားလို့ရတာပဲလေ"

"ကောင်းပါပြီ မိသားစုထဲမှာရော တိရစ္ဆာန်သားရေတွေ လုံလုံလောက်လောက် ရှိရဲ့လား" ပိုင်မုက ဒီနေရာကဆောင်းရာသီကို မကြုံဖူးတာကြောင့် သူက ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။

ခဲယ်လ်တစ်က လတ်တလောသူစုဆောင်းခဲ့တဲ့ သားရေတွေကို တွက်ချက်လိုက်တယ်။ လုံလောက်သင့်နေပါပြီ။ "လုံလောက်တယ်"

"လဲရရင်ရော လုံလောက်လား" ပိုင်မုက အဝတ်အစား ဒါမှမဟုတ် အိပ်ရာတွေကို လအတော်ကြာအောင် မလဲဘဲ မနေချင်ဘူး။

"အာ ဒါက မလုံလောက်တာဖြစ်နိုင်တယ်"

"ဒါဆို ခင်ဗျားနဲ့ လိန်းကျယ်က ပိုပြင်ဆင်သင့်တယ်"အခုက အချိန်အများကြီးရှိပါသေးတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Όπου ζουν οι ιστορίες. Ανακάλυψε τώρα