နှစ်​​ယောက်​သားက အဲ့လိုပြောပြီးနောက်မှာ အကြာကြီး တိတ်​ဆိတ်​သွားတယ်။ ဆောင်းရာသီက သူတို့နှလုံးသားထဲကို ရောက်လာပြီး  စိတ်မချမ်းသာတာက ကြီးထွားလာတယ်။ ဆောင်းတွင်းမှာ တစ်ခုခုဖြစ်လာမလားဆိုတာ သူတို့မသိဘူး။

ခဲယ်လ်တစ်နဲ့ပိုင်မုတို့က အေးလွန်းတဲ့ဆောင်းရာသီမှာ သူတို့နေထိုင်ဖို့အတွက် လုံလောက်တဲ့အစားအစာများစွာကိုလည်း ပြင်ဆင်ခဲ့တယ်။အဆင်သင့်ဖြစ်လုနီးပါးရှိတဲ့အခါ ပိုင်မုနဲ့ခဲယ်လ်တစ်တို့က နေရာလွတ်ထဲ ဝင်သွားတယ်။ အခု အိမ်နောက်ဘက်ခြံဝင်းမှာ ခုတ်ပိုင်းထားပြီးသားဆန်နဲ့ဂျုံတွေကို စုပုံထားပြီး မီးဖိုချောင်မှာရှိတဲ့ သိုလှောင်ခန်းမှာလည်း  ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးတွေ၊ လတ်ဆတ်တဲ့ပြောင်းဖူးတွေနဲ့  ပြည့်နှက်နေတယ်။

အရင်က လစ်လပ်နေခဲ့တဲ့ ဒုတိယထပ်မှာလည်း အာလူး၊ ကန်စွန်းဥနဲ့ သိပ်မလတ်ဆတ်တော့တဲ့ပြောင်းဖူးတွေနဲ့  ပြည့်နေတယ်။ orc တစ်ယောက်ဖြစ်တဲ့ ဟမ်းစတားမျိုးစုဆီကနေ ကူးစက်ခံရသလားတော့ သူမသိဘူး။ အခု ပိုင်မုက သူ့မှာ အစားအစာအလုံအလောက်မရှိရင်  မလုံခြုံသလိုခံစားရတယ်။ ခဲယ်လ်တစ်က  လယ်ကွင်းထဲမှာ အလုပ်လုပ်နေဆဲဖြစ်တယ်။သူက တကယ်ကို အလုပ်အရမ်းကြိုးစားလွန်းတယ်လို့ ပိုင်မုထင်တယ်။ နေ့ဘက်မှာ အမဲလိုက်ပြီး ညဘက်မှာလည်း  လယ်လုပ်ရသေးတယ်။ ကံကောင်းထောက်မစွာနဲ့ အပြင်ဘက်မှာရှိတဲ့ ကွင်းပြင်ကို အခု လိန်းကျယ်နဲ့အန်းချီလော့ဆီ လွှဲပြောင်းပေးလိုက်ပြီးဖြစ်တယ်။ မဟုတ်ရင် သူတို့နှစ်ယောက် သေလောက်အောင် ပင်ပန်းနွမ်းနယ်နေမှာပဲဆိုတာ ခန့်မှန်းလို့ရတယ်။

ပိုင်မုက ကြက်ခြံထဲက ငှက်တွေကို  အစာကျွေးတယ်။သူလာတဲ့အချိန်တိုင်း အစားအစာအများအပြား ပြင်ဆင်ပေးလိမ့်မယ်။ဒါကြောင့်  တစ်ရက်နှစ်ရက်လောက် နေရာလွတ်ထဲ သူတို့မဝင်ခဲ့ရင်တောင်  ငှက်တွေက အစာငတ်သေမှာမဟုတ်ဘူး။ စမ်းချောင်းရဲ့ တစ်ဖက်ခြမ်းမှာ လူလူသားရဲတွေ များသထက်ပိုများလာပြီး သူအဲ့ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်လို့ ပိုင်မုထင်တယ်။ အခု ရေကန်သေးသေးလေးမှာ ငါးတွေအများကြီးရှိနေပြီ။ ကံကောင်းထောက်မစွာနဲ့ ဒီငါးတွေက ပွားနေပုံပေါ်ပေမယ့် မျိုးပွားတာက တိကျတဲ့အမှတ်တစ်ခုကို ရောက်တဲ့အခါ ရပ်သွားတယ်။မဟုတ်ရင် ရေကန်ငယ်က မဆန့်တော့မှာကို သူတကယ်စိုးရိမ်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now