1995% I Love You (2)

292 60 10
                                    

"မား ဘာလုပ်နေတာလဲ "

"မုန့်လုပ်နေတာလေ ထယ်ထယ့်အကြိုက် ပန်ကိတ်လေး "

" ဟိုဘက်အိမ်က အကိုကြီးကိုရော ပေးဦးမှာလား "

"ဘာအကိုကြီးတုန်း မင်းပါးပါး သူငယ်ချင်းပါဆို ဦးလေးပေါ့ "

"ဟုတ်ပါပြီ အဲ့ဦးလေးကြီးကိုရော ပေးမှာလား "

"အွန်း ရော့ ဒီမှာ သွားပို့လိုက် "

"အိုခေးးးး "

ဒီအခွင့်အရေးကို စောင့်နေတာပေါ့ ဟဲဟဲ ။
ထယ်ယောင်း ဟိုဘက်ခြံက ခြံတံခါးဖွင့်ထားတာကြောင့် ဝင်လိုက်သည် အိမ်ရှေ့ ဘဲလ်ကို တီးလိုက်တော့ လာမဖွင့်သေး ။

"ဦးလေးကြီး ကျွန်တော် ထယ်ထယ်ပါဗျ "

ထယ်ယောင်း အော်ပြောပြီး ခနအကြာ တံခါးလာဖွင့်ပေးသည် ။ ရေချိုးပြီးကာစထင်ပါရဲ့ ‌ဆံပင်တွေ စိုနေသည် ။

"Sorry ကောင်လေး ကိုယ်ရေချိုးနေလို့ "

"ရပါတယ်ဗျ "

"ဘာကိစ္စရှိလို့လဲ "

"အိမ်ထဲမခေါ်ဘူးလား "

"မဟုတ်ပါဘူး ဝင်ပါ "

ထယ်ယောင်း သူ့အိမ်လိုပင် ဝင်သွားပြီး ဆိုဖာပေါ်ထိုင်လိုက်သည် ။ ဟိုဦးလေးကြီးကလည်း လိုက်ဝင်ထိုင်သည် ။

"ဒီမှာ ပန်ကိတ် မားမားလုပ်လို့ လာပို့တာ "

"အော် ကျေးဇူးပါလို့ "

"ဦးလေးကြီးက တစ်ယောက်ထဲနေတာလား "

"အွန်း ကိုယ်က လူပျိုကြီးဆိုတော့လေ "

"မိဘတွေရော မောင်နှမ ဘာညာမရှိဘူးလား "

"ကိုယ့်မိဘတွေက နိုင်ငံခြားမှာ ‌ကိုယ်ကတော့ တစ်ဦးတည်းသောသား "

"အော် အဲ့‌ဆို တစ်ယာက်ထဲ ပျင်းမှာပေါ့ ထယ်ထယ် မကြာ မကြာလာပေးမယ်နော် ဟီး "

"ရပါတယ် ကောင်လေး မင်းစိတ်ကြိုက်ပေါ့ Taehoon သားဆိုတော့ ကိုယ့်သားလိုပါပဲ "

"အော် .. ဟုတ်ဟုတ် "

ရင်ထဲကို စူးခနဲ အောင့်သွားတာပါပဲ ။ ကျေးဇူးတင်ပါတယ် သားအဖဇုန်ထဲ ပို့ပေးတဲ့အတွက် ။ အင်းပေါ့လေ ကိုယ်က အဖေ့ရဲ့ သူငယ်ချင်းကို သဘောကျနေမိတော့လည်း ဟုတ်ကဲ့ပါဗျာ ။

1995% I love you (Rest)Donde viven las historias. Descúbrelo ahora