အခန်း (၇၃)

Start from the beginning
                                    

"သူ့ကိုဖမ်းကြစမ်း!"

ခေါင်းဆောင်ဖြစ်သူ၏ အမိန့်သံအဆုံးတွင် လူတို
င်းကကျန်းရီကို စတင်တိုက်ခိုက်လာကြသည်။မှော်လက်နက်များနှင့် ဝိဥာဥ်စွမ်းအင်များသည် ကျန်းရီရှိရာသို့ ဦးတည်လာသော်လည်း ကျောက်တုံးမှ ဖန်တီးထားသော အကာအကွယ်က ၎င်းတို့အားလုံးကို တားဆီးခဲ့သည်။

စက္ကန့်ပိုင်းအတွင်း ကွေးယွဲ့ကျွန်း တစ်ကျွန်းလုံး စတင်တုန်ခါလာတော့သည်။

ဤအန္တရာယ်အငွေ့အသက်သည် အသေးအဖွဲ ကိ
စ္စတော့ မဟုတ်၊ဝမ်ရွှမ်ပင်လျှင် လည်ဆံမွှေးများ ထောင်လာသလို ခံစားလိုက်ရသည်။

"မင်းက ရှောင်ဆစ် မဟုတ်ဘူး!မင်း ဘယ်သူလဲ?ငါတို့ကို ပြန်ဖြေစမ်း!"

ခေါင်းဆောင်၏ ပုံစံဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးအ
နေနှင့် ရှေ့ဆက်ဖြစ်လာမည့် ပြသနာကို ခန့်မှန်းမိပြီးသားဖြစ်သည်။သို့သော် ကျော့ကွင်းထဲသို့ ရော
က်နေပြီဖြစ်သော သားကောင်ကိုလည်း အလွတ်မပေးနိုင်ချေ။ထို့ကြောင့်နေရာတွင် ခေါင်းမာစွာ ရပ်နေပြီး ကျန်းရီ၏ ကျောက်တုံးမှ ဖန်တီးထားသော အကာအကွယ်ကို ချိုးဖျက်ရန် မှော်လက်န
က်များဖြင့် အဆက်မပြတ် တိုက်ခိုက်လာကြသ
ည်။

ကျန်းရီ၏ အပြုံးသည် အထင်အမြင်သေးခြင်းနှင့် ရွံရှာခြင်းတို့ ရောယှက်နေသော လှောင်ပြုံးမျိုးဖြစ်ပြီး ခေါင်းလှည့်၍ ထိုလူများအားလုံးကို အေး
တိအေးစက် စိုက်ကြည့်သည်။ ထို့နောက် ကွေးယွဲ့ကျွန်းသူ၊ကျွန်းသားများဘက်သို့ ကြောက်စရာကောင်းလောက်အောင်ကို အေးစက်ပြတ်သားလွ
န်းသော အကြည့်များဖြင့် လှည့်ကြည့်သည်။

သူ့ခါးတွင် ချိတ်ဆွဲထားသော ကျောက်တုံးကို ရှာတွေ့ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီး နင်းယွမ်အဆင့် ကျင့်ကြံသူပင်လျှင် မခုခံနိုင်လောက်အောင် တုနှိုင်းမမှီသော အစွမ်းမျိုးရှိသည်။၎င်းကို အသ
က်သွင်းပြီးသည်နှင့် ကွေးယွဲ့ကျွန်း တစ်ကျွန်းလုံးနှင့် ကျွန်းပေါ်မှ လူတိုင်းကို သတ်ပစ်နိုင်သည်။

လက်ရှိတွင် ကျန်းရီသည် ကျွန်းပေါ်တွင် ရှိသမျှ လူတိုင်းကို သတ်ပစ်ရန် ဆုံးဖြတ်ထား၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now