အပိုင်း ၁၈

8.6K 211 9
                                    

Unicode
အပိုင်း ၁၈

"တီးတောင် တီးတောင်"

"မှောင်ကာကျမှဘယ်သူပါလိမ့်"

Bellသံကြောင့် နေခန့်အိမ်ရှေ့ထွက်ပြီး တံခါးဖွင့်လိုက်လေသည်။

"ခန့်နောင် !!"

အထုပ်ပိုးနဲ့ရောက်လာတဲ့ယောက်ဖကြောင့် နေခန့်အံသြရလေသည်။

"ဘာဖြစ်လာတာလဲ"

"အဖေနဲ့စိတ်ဆိုးလာလို့ "

နေခန့် အိတ်ကိုကူဆွဲပေးရင်း ယောက်ဖကိုအိမ်ထဲခေါ်လာလေသည်။

"ဟဲ့ ခန့်နောင် ဘာဖြစ်လာတာတုန်း"

"အဖေနဲ့စိတ်ဆိုးလာလို့တဲ့"

မိန်းမရဲ့အမေးကိုနေခန့်ကကြားဝင်ဖြေပေးလေသည်။

"ငါ ဒီအိမ်မှာ ခနလောက်နေမယ် အဖေကကဒ်ပါယူထားလိုက်တယ် ငါ့မှာဟိုတယ်သွားဖို့လဲမရှိဘူး ပိုက်ဆံပြတ်နေတယ်"

"အေးပါ နေလို့ရပါတယ်ကွ အခန်းလွတ်ရှင်းထားတာရှိတယ် အကျယ်ကြီးပဲ "

"ကျေးဇူး ယောက်ဖ"

"အမလေး ရပါတယ်ကွာ လာ အခန်းသွားကြမယ်"

"အင်း"

နေခန့် ယောက်ဖကိုအောက်ထပ်က အိပ်ခန်းတစ်ခန်းသို့​ခေါ်သွားလေသည်။ အပေါ်ထပ်မှာက သူတို့လင်မယားအိပ်ခန်းရယ် နောက်ထပ်အခန်းသစ်တစ်ခန်းနဲ့ ဘုရားခန်းသာရှိ​လေသည်။ အောက်ထပ်ကအိပ်ခန်းကိုတော့ဧည့်သည်လာရင် အဆင်ပြေအောင်အမြဲရှင်းလင်းထားတာက ကွက်တိဖြစ်သွားလေသည်။

"အဝတ်တွေဘီဒိုထဲထည့်ထားလိုက်ပေါ့ "

"အေး ပြီးရင်ထည့်လိုက်မယ် ။ ဒါနဲ့ နေခန့် "

"အင်း "

"ဘီယာရှိလား သောက်ရအောင်"

"ဟာ မစိတ်ဆိုးလိမ့်မယ်"

"အမလေးကွာ ဒီဖေ.."

ဘီယာသောက်ဖို့တောင်မိန်းမကြေက်ပြနေတဲ့သူ့ကို
ခန်နောင်ဆဲလိုက်မိသည်။

"စတာပါကွာ မင်းကလဲ လာ သွားသောက်ကြမယ် "

နှစ်ယောက်သား ဘီယာတွေ၊ဆိုဂျူတွေနဲ့ ဝရံတာမှာစားပွဲသောက်ပွဲလုပ်ကြလေတော့သည်။

Only One(completed )Kde žijí příběhy. Začni objevovat