1995% I Love You ( 1)

Start from the beginning
                                    

"သူခိုး မင်းပြန်ဆင်းခဲ့ "

"ဟောဗျာ ဘယ်သူက ဘာခိုးလို့လဲ နိုးနော် ဒါကျွန်တော့်အိမ် ခင်ဗျားဆီက ဘာမှမခိုးဘူး "

"ဒါဆို ဘာကိစ္စ ငါလှေကားကိုသုံး ငါအိမ်ထဲဝင်လဲ "

"အကြောင်းရှိလို့ပေါ့ နောက်ခါမဝင်ဘူး ဟုတ်ပြီလား ဦးဥစ္စာခြောက်ရေ "

ထယ်ယောင်းထိုသို့ပြောပြီး သူ့အခန်းထဲဝင်သွားသည် ။ သေချာပါတယ် မနက်ကျရင် အဲ့အိမ်ကလူကြီး အိမ်ရောက်လာမယ်ဆိုတာ ။

....................

မနက်ရောက်တော့ ထယ်ယောင်း သူ့အပြစ်နဲ့သူ ဖားသားကြီးကောတာမခံရအောင်လို့ အစောကြီးထပြီး အလုပ်တွေ ကူလုပ်နေလေသည် ။ ပထမဆူံတော့ အိမ်ပြင်မှာ ရပ်ထားတဲ့ ဆိုင်ကယ်လေးကို အိမ်ထဲသေချာသွင်းတာပေါ့ ။

*တင်းတောင် !

"ထယ်ထယ် သား တံခါးသွား‌ဖွင့်လိုက်ပါဦး "

"ဟုတ် မားမား "

ထယ်ယောင်း အိမ်ရှေ့ သံတံခါးဖွင့်လိုက်ပြီး ကြည့်တော့ ခပ်ချောချော အကိုကြီးတစ်ယောက် ။ အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် အနောက်တိုင်းဝတ်စုံကို သေချာဝတ်ထားတယ အတော်လေးကြည့်ကောင်းသည် ။ ဆံပင်က ‌ကောက်ကောက်နဲ့ အနောက်ရှည်ရှည် သပ်တင်ထားသေးသည်။ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းရဲရဲနဲ့ အိုး နှုတ်ခမ်းအောက်မှာ မှဲ့လေးရော

"အဟမ်း ကြည့်တာ တော်လောက်ပြီနော် "

"ဟင် အာ "

ထယ်ယောင်းသူကိုယ်တိုင်အကြာကြီး ကြည့်မိသွားတာတောင် သတိမထားမိပေ ။

"ဟုတ်ဟုတ်  အိမ်ထဲကြွပါဗျ အဖေ့ဧည့်သည်ထင်တယ် "

"အွန်း "

ထိုကောင်လေး သူ့ကို မမှတ်မိဘူးထင်ပါရဲ့ ။ စတွေ့တာတောင် အသားကုန်ကြည့်နေတာ ။ အခုတော့လည်း ယဉ်ကျေးလိုက်တာ ညကနဲ့ကွာပါ့ "

"သားရေ ဘယ်သူတုန်း "

"မသိဘူး ပါးဧည့်သည်ထင်တယ် "

"မင်္ဂလာပါ အစ်မ "

"အော် မောင်လေး  လာဝင်ခဲ့လာ မင်းသူငယ်ချင်းရှိတယ်ကွယ့် "

1995% I love you (Rest)Where stories live. Discover now