အပိုင်း ၁၇

Start from the beginning
                                    

"ဆန်ပြုတ်စားလိုက်အုန်း မ ဆေးသောက်ရအောင်"

"ရပါတယ် ငါ့ဟာငါစားလို့ရပါတယ်"

ခွံကျွေးမလို့လုပ်နေတဲ့သူက သူ့စကားကြောင့် တန့်သွားလေသည်။

"ကျတော်ကျွေးပါ့မယ် မ,ပင်ပန်းမှာစိုးလို့"

"မင်းကြောင့် ဖျားတောင်နေပြီဘဲ ဒါလေးပင်ပန်းမှာကိုစိုးရိမ်နေသေးတယ်လား "

ခြူးစစ် သူ့လက်ထဲကဆန်ပြုတ်ပန်းကန်ကိုဆွဲယူရင်းပြောချလိုက်တော့ ​သူမစကားက သု့အတွက်ရယ်ရခက်ငိုရခက်ဖြစ်နေလေသည်။

"ကျတော်တောင်းပန်ပါတယ် မ,ကလဲ အဲ့လိုတော့မပြောပါနဲ့ ကျတော်က ညင်ညင်သာသာ​လေးဘဲလုပ်တာပါ "

"အဟွတ်.."

ခြူးစစ်တစ်ယောက် အပြောနဲ့တင်သီးနေလေပြီ။

"တော်ပြီ အဲ့ကိစ္စကို တော်လိုက်တော့ ညောင်းတယ် ခွံ့"

"ဗျာ"

ရုတ်တရက်အံသြသွားသဖြင့် ကိုယ့်နားကိုယ်တောင်မယုံနိုင်အောင်ဖြစ်ရ​လေသည်။

"ခွံ့ကျွေးလို့"

"အာ ဟုတ်ကဲ့"

ဆန်ပြုတ်ပန်းကန်ကို ပြန်ယူလိုက်ရင်း တဇွန်းချင်းခွံ့ကျွေးလေသည်။

"ဆေးသောက်လိုက်အုန်း မ"

လလက်ထဲကိုပါရစီတမောတစ်ပြားထည့်ပေးရင်း ရေခွက်ပါအဆင့်သင့်ပေးလိုက်လေသည်။

"ရော့ ရေခွက်"

"ပြန်အိပ်မလား မ"

"ဆိုဖာပေါ်ဘဲသွားအိပ်တော့မယ် မသန္တာရောက်ပြီလား"

ခြူးစစ်မိဘတွေက သမီးဖြစ်သူအဆင်ပြေအောင် အိမ်ကအကူတစ်ယောက်ကိုမနက်သွားညနေပြန်ပို့ထား​လေသည်။

"ရောက်နေပြီ ဘာဖြစ်လို့လဲ "

"အိပ်ရာခင်းလဲခိုင်းလိုက် အသစ်နဲ့"

"ဟုတ် ကျတော်ပြောလိုက်မယွ်"

နေခန့် ဆန်ပြုတ်ပန်းကန်တွေပြန်သယ်ကာ အောက်ဆင်းသွားလေသည်။

%%%%%%%%

"ကျတော်အလုပ်ပြန်တက်မယ် မ"

"ဘာ "

Only One(completed )Where stories live. Discover now