We will meet the stars(Extra2)

Start from the beginning
                                    

"ဂျွန်"

"ပြောလေ ကိုယ့်မင်းသားလေး"

"ကျွန်တော်တို့ဟိုဘက်ကိုသွားကြရင်ကောင်းမလား"

မင်းသားလေးလက်ညှိုးညွှန်လိုက်သည့်နေရာသည်အသစ်တည်ဆောက်ထားသည့်ဘုရားကျောင်းပင်ဖြစ်သည်။မလှမ်းမကမ်းရှိတောင်ကုန်းပေါ်တွင်တည်ထားသည်မို့ထင်င်ထင်ရှားရှားတွေ့ရသည်။
ထို့ကြောင့်လည်းမင်းသားလေးကသွားဖို့ပြောခြင်းဖြစ်သည်။

"မင်းသားလေးကသွားချင်ရင်ကိုယ်လိုက်ပို့ပေးမှာပေါ့"

ဂျွန်ကပြောရင်းဆိုရင်းပင်ပါးကိုဖြတ်ခနဲနမ်းလိုက်သည်မို့နီနီရဲရဲအရိပ်သဏ္ဌာန်လေးများကဖြတ်ပြေးသွားသည်။
ထပ်မံအပိုဆောင်းအဖြစ်ထိုပါးလေးများကမို့မြောက်တက်သွားသေးသည်။
ထိုပါးလေးတွေကဂျွန်ထာဝရနစ်မြုပ်ချင်သောအရာလေးတွေပင်...။

"အာ ဂျွန် ဈေးထဲမှာကို"

မင်းသားလေးကအလွန်အမင်းရှက်ရွံ့သွားချေသည်။
ဂျွန်ကတော့သွားတန်းလေးတွေပေါ်တဲ့ထိရယ်ပြကာဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်ကိုမြှောက်ယူလိုက်ပြီးအနမ်းခပ်ဖွဖွခြွေချလိုက်ပြန်သည်။

"ဘယ်လိုနေနေချစ်စရာအရမ်းကောင်းနေလွန်းတယ်
မင်းသားလေးရယ်"

ပုံမှန်ဆိုဂျွန့်ဘက်ကဒီလိုမျိုးတွေပြောလာရင် ရင်ခွင်ထဲပြေးဝင်ပြီးမျက်နှာဖွက်ထားနေကျပေမယ့်လူစည်ကားနေတဲ့ဈေးထဲမှာတော့အဲ့လိုမလုပ်ရဲပါ။
သူ၏ပါးလေးများကိုမို့မြောက်ထားလိုက်ရုံသာတတ်နိုင်သည်။

"လာ..."

အရှက်လွန်နေသောမင်းသားလေးကိုဂျွန်ကလက်ဆွဲ၍ခေါ်သွားသည်မို့ဂျွန်ခေါ်ဆောင်ရာနောက်ကိုလိုက်သွားရပြန်သည်။
မလှမ်းမကမ်းကတောင်ကုန်းလေးပေါ်တွင်တော့အဖြူဆေးသုတ်ထားသည့်ဘုရားကျောင်းတစ်ကျောင်းရှိနေသည်။ဤကားကောင်းကင်ဘုံနတ်ဘုရား
အိုလံပစ်တောင်ရဲ့အကြီးအကဲဖြစ်သည့်ဇူးစ်၏ဘုရားကျောင်းပင်...။

ဘုရားကျောင်းထဲဝင်ရောက်အပြီးတွင်တော့ထိုင်ခုံပေါ်မှာထိုင်နေတဲ့နတ်ဘုရားဇူးစ်ရဲ့ရုပ်ပုံကိုတွေ့လိုက်ရသည့်အတွက်ထိုရှေ့သို့သွားကာ၂ယောက်လုံးဒူးထောက်ခြင်းအားဖြင့်အရိုအသေပြုသည်။
ထို့နောက်တွင်ရင်ဘတ်ပေါ်ကိုလက်ဖြင့်ဖိကာခေါင်းညွှတ်လိုက်သည်။
ဤကားဆုတောင်းခြင်းပင်။

CAPTAIN JEON{Completed}Where stories live. Discover now