Ep(4)🖤

51 8 0
                                    

   အဲ့မျက်ဝန်းပိုင်ရှင်ကို ငေးကြည့်နေတုန်းမှာပဲ ပခုံးကိုလှုပ်ပြီး .." ဟိတ် ကောင်မလေး မင်းငါတို့ကားပေါ်ဘာလို့တက်လာတာလဲ..." မေးမှ အသိဝင်လာပါတော့တယ်...
  " ကျမ ကျမနာမည် Jennie ပါ...ကျမအိမ်ကထွက်ပြေးလာတာ..ကျမကိုကူညီပါရှင် အမတို့နဲ့ကားကြုံလိုက်စီးခွင့်ပြုပါ...ကားခပေးပါ့မယ်ရှင် ဒီနေရာကနေ အမြန်မောင်းပေးပါရှင်..."
   " ငါက ကားမမောင်းတတ်ဘူးလေ..ဟိုမှာ ငါ့အမသူမောင်းတာ  ခုသူကစတိုးဆိုင်မှာမုန့်ဆင်းဝယ်တာ သူလာမှ မောင်းလို့ရမှာ.."
  " ပြီးတော့ မင်းကဘယ်ကလဲ ဘာလုပ်တဲ့သူလည်းမသိဘဲ ငါမကူညီရဲပါဘူးဟာ ငါ့အမ မလာခင်ဆင်းသွားပါတော့..."
   Jennieလည်းလက်အုပ်ချည်ပြီး " ကျမ တကယ်အခက်အခဲဖြစ်နေလို့ပါရှင် ကူညီပါ 😢..ကားလမ်းမပေါ်ရောက်ရင် ကျမတခြားကားစီးသွားပါ့မယ်ရှင် ဒီနေရာကနေထွက်လို့ရအောင်ကူညီပေးပါ တောင်းဆိုပါတယ်ရှင်..." ပြောနေစဉ်မှာပဲ ကားအနားကိုလူသံတွေကပ်လာလို့
ခေါင်းကိုအမြန်ငုံ့လိုက်ရတယ်...ကားတံခါးခေါက်လိုက်တဲ့အချိန်မှာ အသံမထွက်ရဲ.....
"ဒေါက်..ဒေါက်..."
" ဒီနားမှာ ကောင်မလေးတစ်ယောက်ပြေးလာတာမတွေ့လိုက်ဘူးလား..."
  " ဟာ ရှုပ်ရှုပ်ယှက်ယှက် အာရုံလာစားနေတယ်....
ကားပေါ်ထိုင်နေတဲ့သူက အပြင်ကပြေးနေတဲ့သူကိုတွေ့စရာလား...သွားသွား ခင်များတို့.."
   " မသွားရင် ကျုပ်ရဲစခန်းဖုန်းဆက်လိုက်မှာနော်...."
အဲ့လိုပြောလိုက်မှပဲ လူတစ်စုယောင်လည်ယောင်လည်နဲ့ပြန်ထွက်သွားတယ်...
  " ဒီမှာ မင်းဘယ်သူလဲတော့ငါမသိဘူး...ဟိုလူတွေလည်းမရှိတော့ဘူးဆိုတော့မင်းဆင်းလို့ရပြီထင်တယ်...."
    " ကျမရှိကြီးခိုးပါတယ်ရှင်...ကျမတကယ်လူကောင်းပါရှင် ကျမကိုကူညီပေးပါ.." ပြောပြီး jennie ထပ်ငိုသည်...
  " ကဲ jennie ဆိုတဲ့ကလေးမ ငါကတော့မင်းမျက်ရည်ကျနေတာတစ်ခုတည်းနဲ့ ဘာမှန်းညာမှန်းမသိကူညီလို့မဖြစ်ဘူး...ငါ့အမကိုစောင့်ကြတာပေါ့...ဟုတ်ပြီလား.."
  " ..ဟုတ်... ဟုတ်ကဲ့ ကျေးဇူးပါရှင်.."
  "ကျေးဇူးကနောက်မှတင် ဟိုမှာမမလာနေပြီ.."
ဟုပြောရင်း သူ့အစ်မက ကားထဲဝင်ထိုင်တဲ့အထိသူမကိုမမြင်သေး....
  " ကဲ သွားကြစို့..ဆက်လိမ့်ကြမယ် ညီမလေးရေ..."
  " မမ.. နောက်မှာ" "နောက်မှာ.. နောက်ခန်းမှာဘာရှိလို့လဲညီမလေး"ဆိုပြီး လှည့်အကြည့် သူမကိုတွေ့သွားပါပြီ။
   " ဟာ ညီမလေးနင်ဘာပြသာနာရှာပြန်ပြီလဲဟာ ခုသူကဘယ်သူလဲ... နောက်တစ်ယောက်လား နင်တော့နော်.."
  "မဟုတ်ပါဘူး မမရာ နင်ကလည်းငါ့ဆိုပြောဖို့ချည်းပဲ.."
  ထိုမျက်ဝန်းပိုင်ရှင်မှ ဖြစ်စဉ်ကိုပြောပြလိုက်တဲ့အခါ သူ့အမမှ "ကားကြုံလိုက်ခဲ့တာတော့ရပေမယ့်  ညီမကဘယ်ဆီသွားပြီးဘာလုပ်မှာလဲ..အမတို့က ဒီတိုင်းညီအစ်မနှစ်ယောက် ခြေဉီးတည့်ရာခရီးထွက်ခဲ့ကြတာ..."ဟုပြောပြရင်း မေးလာတဲ့အခါ..
  "ခုလိုလိုက်ခွင့်ပေးတာကျေးဇူးတင်ပါတယ် တကယ်တော့ညီမလည်း အိမ်ကနေသာထွက်ပြေးလာတာဘယ်ဆီသွားရမယ်မသိသေးပါဘူး.."
" ကဲ မိုးလည်းလင်းတော့မယ်ဆိုတော့ အမတို့စထွက်ကြရအောင်..ညီမအကြောင်းလည်းပြောလို့ရရင်​အမတို့ကိုပြောပြလေ ကူညီလို့ရရင်ကူညီရအောင်..."
  "အစ်မနာမည်က Chaeyoung ရင်းနှီးတဲ့သူတွေကတော့ Chae လို့ခေါ်ကြတယ်...ဒီဘက်က အမရဲ့ညီမတစ်ဝမ်းကွဲ
လူဆိုးမလေး Lalisa Mannobalတဲ့ ခုလည်းသူညှော်လို့ဒီခရီးထွက်လာရတာလေ...ညီမနာမည်ကရော.."
  "Jennie ပါ Kim Jennie ညီမမှာမိဘတွေမရှိတော့ပါဘူး
ခုထွက်ပြေးလာတယ်ဆိုတဲ့အိမ်ကလည်း အမေ့ညီမရဲ့အိမ်ကနေပါ ဒေါ်လေးကညီမကိုချစ်ပေမယ့် ဒေါ်လေးခင်ပွန်းကညီမကို သူ့တူပန်းရံသမားနဲ့ ဒီနေ့မနက်လင်းတာနဲ့ ပေးစားတော့မှာမို့..ထွက်ပြေးလာရတာပါ ညီမဆယ်တန်းလည်းအောင်ထားပါတယ် အစ်မရယ်ခုလည်း ဉီးလေးကသူ့တူနဲ့ပေးစားမယ်ဆိုပြီး မနေ့ညကပဲ
ဒေါ်​လေးကို​ ပြောနေတာမို့ ညတွင်းချင်းပဲထွက်ပြေးလာပြီး အစ်မတို့နဲ့ဆုံတာပါပဲ..
အမတို့ကားနဲ့သာမတိုးရင် ဟိုလူတွေလက်ထဲပြန်ပါသွားပြီး ညီမ မချစ်မနှစ်သက်သူရဲ့ဇနီးမယားအဖြစ်မရောက်ရအောင် အစ်မတို့ကကူညီပေးခဲ့တာပါ အစ်မရယ်.."
ပြောပြပြီးနောက် jennie ထပ်ငိုမိသည်... ထပ်ငိုနေသည့်ကောင်မလေးကို ကားမှန်ကတစ်ဆင့်ဘာတစ်ခွန်းမှမပြောဘဲခပ်ငေးငေးကြည့်နေမိသည့်တစ်ယောက်ရဲ့စိတ်ထဲတွင်တော့..." မနက်ခင်းဝေလီဝေလင်းမှာတောင် အတော်လေးကိုလှသည့်မိန်းကလေး..။အရမ်းကိုစိတ်ပန်း ကိုယ်ပန်းဖြင့်ငိုနေသည့် မိန်းကလေး...မိဘမဲ့သူလေး...။သနားစိတ်က ရင်မှာဖြစ်တည်၏...
ဘေးနားမှာ ခေါက်လျက်ထားတဲ့ စောင်ငယ်လေးကိုယူကာ နောက်ကိုလှည့်၍
  " ကဲ jennieဆိုတဲ့မိန်းကလေး ငိုတာမမောသေးဘူးလား
ဒီစောင်လေးခြုံပြီး ခဏအိပ်လိုက်လေ တညလုံးမအိပ်ရသေးဘူးမို့လား " ဟုမျက်ဝန်းပိုင်ရှင်ကဆိုလာသည်။
သူပေးလာတဲ့စောင်လေးကိုခြုံကာ အမှန်တကယ်ပင် အိပ်ပျော်သွားတော့သည်....

My Love & My OnlyWhere stories live. Discover now