ဒေါ်ကြီးKim နဲ့ ဉီးလေးMin Ho တို့ရဲ့စကားသံတွေကို
အိပ်ရာလေးခင်းကျင်းစပြုရုံလေးပဲ ရှိနေချိန်လေးမှာ jennie ကြားနေရပြီ...။
"..ဘုရားရေ..ဒေါ်ကြီးKimတောင်မှ လူကြီးအိမ်အကျိုးအကြောင်းပြောမယ်လုပ်ရုံရှိသေး ဉီးလေးMin Ho က လူကြီးခေါ်လာပြီး ဒေါ်ကြီးကိုပြောဆိုနေပါလား...
ဒါဆို ဒေါ်ကြီးလည်းဘာတတ်နိုင်မှာလဲ...ဒေါ်ကြီးကတစ်စိမ်းပဲဉစ္စာ.." ဟုတွေးရင်း လန့်နေရသည်က jennie...
သိပ်မကြာခင်မှာ ဉီးလေးMinHoတို့ အိမ်ရှေ့ရောက်လာရင်ငါ့ကိုပြန်ခေါ်ကြလိမ့်မယ်...
" jisoo သူငယ်ချင်း ငါဘာလုပ်ရမလဲဟင် ငါ့ကိုအကြံပေးပါအုန်းဟာ....ငါပြန်မလိုက်နိုင်ဘူး ဟင့်ဟင့်.."
" jennie နင်သတ္တိရှိမှရတော့မယ် နင်ထွက်ပြေးတော့ဟာနင်ပြေးနိုင်သလောက်သာပြေး ငါအမေ့ကိုကြည့်ကြပ်ပြောလိုက်မယ်...နင့်ကိုတစ်ယောက်ထဲလွှတ်ရတာငါစိတ်မချပေမယ့် နင်ပြေးမှရမှာမို့ပါဟာ..."
" ဒီမှာ ငါစုထားတာလေး နင်ယူသွား မများပေမယ့် အထောက်အကူလေးမှ ရရပေါ့ဟာ.."
" ..မယူပါရစေနဲ့သူငယ်ချင်းရယ် ငါဘယ်လိုစိတ်နဲ့ယူရမှာလဲ ငါစုထားတာလေးတွေပါပါတယ်သူငယ်ချင်းရယ်.."
" အချိန်မရှိတော့ဘူး ရော့ ယူသွား ပြီးတော့ နင်ငါ့ကိုမေ့မသွားရဘူးနော် ငါနင့်ကိုအမြဲသတိရနေမယ်ဆိုတာ နင်သိထားပေး.."
" နင် အေးအေးချမ်းချမ်း ဖြစ်တာနဲ့ငါ့ကိုဆက်သွယ်ဖို့မမေ့နဲ့ လာလာ လူကြီးတွေ အိမ်ရှေ့ရောက်နေပြီ နင်နောက်ဖေးကနေပြေးတော့...."
သူငယ်ချင်းနှစ်ယောက်နောက်ဆုံးအနေနဲ့ဖက်လိုက်ပြီး..
" jisoo ငါရဲ့ အချစ်ဆုံး သူငယ်ချင်း ခုလိုကူညီခဲ့တာတွေ ငါတစ်သက်လုံး အမှတ်ရနေမှာပါ..ငါသွားပြီနော်"
" ငါလုံခြုံတဲ့နေရာရောက်တာနဲ့ နင့်ဆီမရရအောင်ဆက်သွယ်လိုက်မယ်..."
" အေးပါ သူငယ်ချင်း အစစအရာရာ ဂရုစိုက်နော် "
Jisoo လည်းအိမ်ထဲပြန်အဝင် အမေနဲ့တိုးတော့
" သမီး jennie ကိုခေါ်လာခဲ့လိုက်အုန်း.."
" မရှိတော့ဘူး အမေ သူ့ကို သူ့ကို သမီးထွက်ပြေးခိုင်းလိုက်ပြီ..."
" အဲ့တာမှ ခက်တော့တာပဲ မိုးတောင်မလင်းသေးတာ သမီးရယ်...ခုချိန်ဘာကားမှလည်းရှိတာမဟုတ်.."
" Jennie နင်ထွက်လာခဲ့နော် ငါတစ်စိမ်းအိမ်မို့ဝင်မလာတာကိုအခွင့်ကောင်းယူမနေနဲ့ တဖက်ကောင်လေးဖက်ကိုလည်း အားနာမှပေါ့ နင်သဘောတူလက်ခံလို့ ငါမင်္ဂလာပွဲကိုလက်ခံထားတာနော် ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့.."
" အော်မနေနဲ့တော့ MinHo နင့်တူမ မရှိတော့ဘူး ထွက်ပြေးသွားတယ် ဒါနဲ့ jennie ပြောပုံအရ သူ့ဖက်ကသဘောတူလက်ခံထားတယ်လို့ပြောမထားပါဘူး..နင်တို့
ကလေးကို ဘာလို့အတင်းအကျပ်စီစဉ်နေရတာလည်း.."
" ခင်များမဆိုင်တာဝင်မပါပါနဲ့ ညဉီးပိုင်းကတည်းက သူ့အကြံရိပ်မိလို့အိပ်ချင်ယောင်ဆောင်ပြီးနောက်ကလိုက်လာတာ လမ်းမှာဆွဲလားရမ်းလားလုပ်ရင်ကိုယ့်အလွန်ဖြစ်နေမှာမို့ လူကြီးပါဝင်ခေါ်နေလို့နောက်ကျသွားတာကို..."
" တောက်..ငါကွာ ဒီကောင်မဝေးဝေးမပြေးနိုင်ပါဘူး
ငါ့လူတွေခေါ်ပြီး လိုက်ရှာရမယ်... kai ငါ့တူမင်းလည်းမင်းသူငယ်ချင်းတွေနဲ့ ရှာကွာ ဒီရပ်ကွက်ထဲပဲရှိအုန်းမှာ ဒီကောင်မ " ဟုတ်ကဲ့ပါ ဉီးလေး... လာသွားကြမယ်ဟေ့"
Jennie တစ်ယောက်ဝေးသထက်ဝေးအောင်ပြေးရင်း ကားလမ်းမနားနီးလာခဲ့ပြီ နောက်ကလူတွေမှီမလာပါစေနဲ့ဆုတောင်းနေမိပါတော့တယ်...
တစ်နေရာအရောက် Kaiနဲ့လူတစ်စု ကိုလှမ်းမြင်လိုက်တဲ့အခါ " ဟင် ဟိုမှာဉီးလေးတူပါလား ငါ့ကိုတွေ့သွားလို့မဖြစ်ဘူး.." ဟုတွေးရင်း နောက်ပြန်လှည့်အပြေး...
" ဟာ... ဟိုမှာ ပြေးပြီလိုက်လိုက်...."
လိုက်လာကြပြီ နီးသထက်နီးလာတာနဲ့ အနီးမှာတွေ့ရတဲ့ရပ်ထားတဲ့ကားတစ်စီး..ကံကောင်းစွာနဲ့ကားတံခါးကအလွယ်ပွင့်သွားခဲ့လို့ကားနောက်ခန်းမှာ ဝင်ပုန်းနေလိုက်တယ်....
" တောက် ဟာကွာ ဒီနားတင်ပျောက်သွားတာကွ သေချာရှာကြကွာ ဒီနားဝန်းကျင်ပဲရှိမှာ ဝေးဝေးမသွားနိုင်လောက်ဘူး.."
ကားနားရောက်နေတဲ့စကားသံတွေေကြောင့် ကားတံခါးကိုဆွဲဖွင့်ကြည့်လေမလားဆိုတဲ့စိတ်နဲ့ Jennie အသက်ပင်ဝဝမရှူရဲ... အသံများဝေးသွားတဲ့အခါမှ ကားရှေ့ခန်းမှာကိုယ့်ကိုကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရတဲ့အခါ...
....
BẠN ĐANG ĐỌC
My Love & My Only
Fanfictionသူနဲ့ငါဟာ.... ငယ်ပေါင်းတွေလိုဖြစ်နေကြတယ်.... သူ့ရင်ထဲကအရာတွေကို ငါနားလည်နေနိုင်တယ်... သူ့အားငယ်မှုတွေကို ငါသိနေရတယ်... သူ့ရင်ထဲကအပျော်ဟာ ငါ့ရင်ထဲထိကူးစက်တယ်..... အဲ့ဒါ..သူ့တစ်ယောက်တည်းအပေါ်မှာပဲ ငါဖြစ်တည်ရတဲ့ခံစားချက် တစ်ခုပဲ... Lalisa ငါအရမ်းကိုအ...